မြန်မာသံအမတ်ကြီး ဦးဇော်ဦး သံတမန်နာယကဖြစ်သူ အီတလီနိုင်ငံဆိုင်ရာ ဗာတီကန်သံအမတ်ကြီးအား သွားရောက်တွေ့ဆုံ

(၃-၁၀-၂၀၂၆၊ ရောမ)

ရောမမြို့ရှိ မြန်မာသံအမတ်ကြီး/ သံရုံးယာယီတာဝန်ခံ ဦးဇော်ဦးသည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်တွင် ရောမမြို့ရှိ ဗာတီကန်သံရုံးသို့ သွားရောက်၍ ရောမမြို့အခြေစိုက် သံတမန်နာယကဖြစ်သူ အီတလီနိုင်ငံဆိုင်ရာ ဗာတီကန်သံအမတ်ကြီး Archbishop Edgar Pea Parra နှင့် သွားရောက်တွေ့ဆုံခဲ့ပါသည်။

ထို့သို့တွေ့ဆုံစဉ် အီတလီနိုင်ငံဆိုင်ရာ သံတမန်အသိုက်အဝန်းများအကြား အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံမှု၊ ဆွေးနွေးညှိနှိုင်းမှုနှင့် ပိုမိုနီးကပ်သော ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်ရေးနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး သံအမတ်ကြီးက မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။