မြန်မာသံအမတ်ကြီးဦးနေမျိုးဦးက ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ တူကီယဲနိုင်ငံသံအမတ်ကြီးအား သွားရောက် တွေ့ဆုံ

(၉-၉-၂၀၂၆၊ ရီရတ်ဒ်)

သံအမတ်ကြီး ဦးနေမျိုးဦးသည် ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ တူကီယဲနိုင်ငံသံအမတ်ကြီး H.E. Prof. Dr. Emrullah Isler အား ၉-၉-၂၀၂၆ ရက်နေ့ ၁၁၀၀ နာရီတွင် ရီရတ်ဒ်မြို့ သံတမန်ရပ်ကွက်ရှိ တူကီယဲနိုင်ငံသံရုံးသို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။

ယင်းသို့တွေ့ဆုံရာတွင် မြန်မာ-တူကီယဲ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးကိစ္စရပ်များ၊ ရီရတ်ဒ်မြို့ရှိ နှစ်နိုင်ငံသံရုံးများအကြား ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များအပေါ် ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး တူကီယဲ သံအမတ်ကြီးထံ အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။