မြန်မာသံရုံးတိုကျိုမြို့မှ (၃၂၇) ကြိမ်မြောက် အာဆီယံကော်မတီ (တိုကျို) အစည်းအဝေးအား လက်ခံကျင်းပ

(၂၇-၁၁-၂၀၂၅ ရက်၊ တိုကျို)

 မြန်မာသံရုံး၊ တိုကျိုမြို့မှ ကြီးမှူး၍ တိုကျိုမြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံကော်မတီ(တိုကျို)၏ (၃၂၇) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် မြန်မာသံရုံး၊ တိုကျိုမြို့ ဆာကူရာ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးအား အာဆီယံကော်မတီ(တိုကျို) ဥက္ကဋ္ဌ ဖြစ်သော မြန်မာသံရုံး၊ တိုကျိုမြို့ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးကျော်ထွန်းမှ ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ခဲ့ပြီး၊ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ သံရုံး ယာယီတာဝန်ခံများ၊ ဘာသာရပ်ဆိုင်ရာ တာဝန်ခံများ ပါဝင်တက်ရောက်ခဲ့ပါသည်။

 အဆိုပါအစည်းအဝေးတွင် ဂျပန်နိုင်ငံ၏ ပြည်တွင်းဖြစ်ပေါ်တိုးတက်မှုများ၊ ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ အာဆီယံကော်မတီ(တိုကျို)မှ ဦးဆောင်ကျင်းပမည့် လှုပ်ရှား မှုများဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

     ထို့နောက် အဆိုပါအစည်းအဝေးနှင့်တစ်ဆက်စပ်တည်း အာဆီယံကော်မတီ(တိုကျို)နှင့် အာဆီယံ-ဂျပန်စင်တာ အတွင်းရေးမှူးချုပ် H.E. Mr. Kunihiko Hirabayashi တို့အကြား Dinner Talk ဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် H.E. Mr. Kunihiko Hirabayashi မှ အာဆီယံနှင့် ဂျပန်နိုင်ငံတို့အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု၏ တိုးတက်မှုများ၊ အာဆီယံ-ဂျပန်ဆက်ဆံရေး ပိုမိုတိုးမြှင့်စေရေးအတွက် အာဆီယံ-ဂျပန်စင်တာ ၏အခန်းကဏ္ဍနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ 

*****************************