မြန်မာနိုင်ငံသား ၂၇ ဦးကို အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်

(၄-၂-၂၀၂၆)

အိန္ဒိယနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်များကျခံပြီး၍ ပြန်လည်လွတ်မြောက်လာကာ မဏိပူရ် ပြည်နယ်ရှိ Foreigners Detention Centre တွင် ထိန်းသိမ်းထားရှိသည့် မြန်မာနိုင်ငံသားမှန်ကန်ကြောင်းစိစစ်ပြီးသူ (၂၄)ဦးနှင့် Women Foreigners Detention Centre တွင် ထိန်းသိမ်းထားရှိသည့် မြန်မာနိုင်ငံသားမှန်ကန်ကြောင်း စိစစ်ပြီးသူ(၃)ဦး၊ စုစုပေါင်း(၂၇)ဦးကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်တွင် တမူးမြို့၊ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်/ထွက် ဂိတ်မှတစ်ဆင့် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြင့် နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပါသည်။ ထိုသို့ ပြန်လည် ပို့ဆောင်နိုင်ရေးအတွက် မြန်မာသံရုံးက အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန(Ministry of External Affairs-MEA)မှတစ်ဆင့် မဏိပူရ်ပြည်နယ်ရှိ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။