ဆားဘီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်/သံရုံးယာယီတာဝန်ခံ ဂရိနိုင်ငံ၏ (၂၀၃)ကြိမ်မြောက်အမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက် (၂၅-၃-၂၀၂၄ ရက်)

မြန်မာသံရုံး၊ ဘဲလ်ဂရိတ်မြို့မှ သံအမတ်/သံရုံးယာယီတာဝန်ခံ ဦးအောင်မင်းဦးသည် ၂၅-၃-၂၀၂၄ ရက်နေ့တွင် ဘဲလ်ဂရိတ်မြို့ အခြေစိုက် ဂရိနိုင်ငံသံရုံးမှ ကျင်းပပြုလုပ်သည့် ဂရိနိုင်ငံ၏ (၂၀၃)ကြိမ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားသို့ ဆားဘီးယား နိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး H.E. Mr. Milos Vucevic ၊ ဘဲလ်ဂရိတ်မြို့ အခြေစိုက်သံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။