Second discussion meeting on four pillars of government

ပြန်ကြားရေးဝန်ကြီးဌာန၌ (၂၁-၂-၂၀၁၈)ရက်နေ့တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ်မဏ္ဍိုင် (၄)ရပ် အလုပ်ရုံဆွေးနွေးပွဲမှ ရလဒ်များ

၁။     မဏ္ဍိုင် (၄)ရပ် အလုပ်ရုံဆွေးနွေးပွဲကဲ့သို့ ဆွေးနွေးပွဲများ မကျင်းပမီ အကြိုညှိနှိုင်း အစည်းအဝေးများ ကြိုတင်ပြုလုပ်သွားရန်။

၂။    သတင်းသမား စိစစ်ရေးကတ်ပြားများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ သက်ဆိုင်ရာ သတင်းမီဒီယာအဖွဲ့များက အသိပေးထားရန်နှင် သတင်းကတ်ပြားများအား အသုံးပြုရေး မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီက တိုက်တွန်းညှိနှိုင်းဆောင်ရွက်ရန်။

၃။    သတင်းမီဒီယာဥပဒေအား ပြန်လည်သုံးသပ်ပြင်ဆင်ရေး ဆောင်ရွက်ရန်။

၄။    တိုင်းရင်းသားမီဒီယာကဏ္ဍ ပိုမိုအားကောင်းလာစေရန် သတင်းမီဒီယာဥပဒေတွင် အခန်းတစ်ခန်း အနေဖြင့် ထည့်သွင်းဖော်ပြနိုင်ရေး ဆောင်ရွက်ရန်။

၅။    ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအလိုက် သတင်းစာရှင်းလင်းပွဲများအား တစ်လတစ်ကြိမ် ပြုလုပ် သွားနိုင်ရေး အကြံပြုတိုက်တွန်းရန်။

၆။    မဏ္ဍိုင် (၃)ရပ်နှင့် သတင်းမီဒီယာအဖွဲ့အစည်းများ ပုံမှန်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားနိုင်ရေး အကြံပြု တိုက်တွန်းရန်။

၇။    တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များတွင် ပြောရေးဆိုခွင့် ပုဂ္ဂိုလ်များနှင့် ပြောရေးဆိုခွင့်ရအဖွဲ့ ထားရှိ ရန်နှင့် အသစ်ပြောင်းလဲမှုများ ရှိပါက Update ပြုလုပ်ပေးရန်။

၈။    သတင်းထောက်များကို အခြေခံသတင်းကျင့်ဝတ်များ သိရှိစေရန်၊ သင်တန်းများပေးရန်နှင့် အစိုးရ အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူများနှင့် ပူးပေါင်းပြီး သင်တန်းများပေးရန်ကို မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီမှ စီစဉ်ပေးရန်။

၉။    မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအနေဖြင့် ဒေသဆိုင်ရာ မီဒီယာသမား ဖွံ့ဖြိုးတိုးတက်လာရေး သင်တန်း များနှင့် အလုပ်ရုံဆွေးနွေးပွဲများ ဖွင့်လှစ်ကျင်းပပေးရန်။

၁၀။    ဌာနဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူများကို သီးသန့်ဖွဲ့စည်းခန့်ထားပြီး တာဝန်နှင့် အခွင့်အရေးများ သတ်မှတ်ပေးရန်၊ အဆိုပါကိစ္စကို ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ယူထားပြီး သက်ဆိုင်ရာဝန်ကြီးဌာန များနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များသို့ ညှိနှိုင်းဆောင်ရွက်ပေးရန်။

၁၁။     သတင်းမီဒီယာသမားများ၏ ဆက်သွယ်ရန်အမည်၊ လိပ်စာနှင့် ဖုန်းနံပါတ်များ (Update) များနှင့် E-mail လိပ်စာများကို သက်ဆိုင်ရာဌာနများသို့ ပြန်လည်ပေးပို့ပေးရန်။

၁၂။     အစိုးရဌာနများနှင့် လွှတ်တော်များတွင် Press Corner ထားရှိပေးရန်။

၁၃။    သတင်းမီဒီယာကောင်စီအနေဖြင့် သတင်းထောက်များအား ကျင့်ဝတ်လိုက်နာမှု ရှိစေရေး ဆောင်ရွ က်ပေးရန်။

၁၄။    သတင်းမီဒီယာသမားများနှင့် မဏ္ဍိုင် (၃)ရပ်အဖွဲ့များ အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးရန်နှင့် ဒေသဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကို တိုင်းဒေသကြီး/ပြည်နယ်များတွင်လည်း ဆက်လက် ကျင်းပ နိုင်ရေး ညှိနှိုင်း ဆောင်ရွက်သွားရန်။

၁၅။    တိုင်းဒေသကြီး/ပြည်နယ်အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများက တိုင်းရင်းသား မီဒီယာသမားများ သတင်းရယူ ရာတွင် တန်းတူအခွင့်အရေးရရှိရေး ဆောင်ရွက်ပေးရန်။

၁၆။     မဏ္ဍိုင် (၃)ရပ်မှ မီဒီယာသမားများအား ခွဲခြားဆက်ဆံမှုမရှိစေရေး စီစဉ်ဆောင်ရွက်ပေးရန်။