Notice for Notary Services

နိုတြီဌာနစိတ်မှ ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများ

၁။  နိုတြီဌာနစိတ်အနေဖြင့် ပညာသင်သွားရောက်ခြင်း၊ ဥပဒေနှင့်အညီ ကုန်သွယ်မှုနှင့် စီးပွားရှာဖွေခြင်းစသည့် အကြောင်း အမျိုးမျိုးကြောင့် ပြည်ပသို့သွားရောက်မည့် မြန်မာနိုင်ငံသားများ အတွက်လိုအပ်သည့် သက်ဆိုင်ရာအထောက်အထား စာရွက်စာတမ်း များနှင့် အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများမှ ထုတ်ပေးထားသည့် တရားဝင်စာရွက်စာတမ်းများကို နိုတြီဘာသာပြန်ဆိုရာတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှ အသိအမှတ်ပြုထားသော နိုတြီပဗ္ဗလစ် ရှေ့နေမှ ဘာသာပြန်ဆို၍ ထောက်ခံပေးထားသော စာရွက်စာတမ်းများပေါ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့်ဥပဒေရေးရာဦးစီးဌာန၊ နိုတြီဌာနစိတ်မှ အဆိုပါ နိုတြီပဗ္ဗလစ်ရှေ့နေ၏ တံဆိပ်နှင့်လက်မှတ် မှန်ကန်ကြောင်း ထပ်ဆင့်ထောက်ခံပေးခြင်းကို အထောက်အထားများ မှန်ကန်စုံလင်ပါက နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိပါသည်။

၂။         နိုတြီထပ်ဆင့်ထောက်ခံချက်ပြုလုပ်ပေးသည့် စာရွက်စာတမ်းများမှာ-

(က)   စာမေးပွဲအောင်လက်မှတ်၊ ဘွဲ့လက်မှတ်၊ အမှတ်စာရင်း

(ခ) မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ မွေးစာရင်း၊ ယာဉ်မောင်းလိုင်စင်၊ ကုမ္ပဏီမှတ်ပုံတင်၊ သေစာရင်း၊ ရပ်ကွက် ထောက်ခံစာ၊ရဲစခန်းထောက်ခံစာ

(ဂ)     လက်ထပ်စာချုပ်၊ ကျမ်းကျိန်လွှာ၊အိမ်ထောင်ကွဲစာချုပ်၊ General Power၊ Special Power

(ဃ)    လူပျို/အပျိုဖြစ်ကြောင်းကျမ်းကျိန်လွှာ

၃။      နိုတြီထပ်ဆင့်ထောက်ခံချက်အားဆောင်ရွက်ခြင်း မပြုနိုင်သော စာရွက်စာတမ်းများမှာ-

(က)    မြန်မာနိုင်ငံသား ကလေးများအား နိုင်ငံခြားသားမှ အမွေစား အမွေခံအဖြစ် မွေးစားခြင်း

(ခ)     ပြည်ပမှရရှိထားသော အောင်လက်မှတ်၊ဘွဲ့လက်မှတ်၊မွေးစာရင်းများ

(ဂ)     ကိုယ်တိုင်ပြုစုထားသော ကိုယ်ရေးရာဇဝင်ကဲ့သို့ စာရွက်စာတမ်းများ

(ဃ)    ကိုယ်ပိုင်အသေးစားလုပ်ငန်းများ(ဥပမာ-အပ်ချုပ်လုပ်ငန်း၊ ပုံနှိပ်လုပ်ငန်း၊ ကုန်စုံဆိုင်)

(င)     သက်တမ်းလွန်ကုန်ဆုံးနေသော စာရွက်စာတမ်းများ

(စ)     ဥပဒေကြောင်းလမ်းအရ တရားဝင်ခြင်းမရှိသည့် စာချုပ်စာတမ်းများ

(ဆ) နိုတြီရှေ့နေမှ သက်ဆိုင်ရာ စာရွက်စာတမ်းအပေါ် လက်မှတ်ရေးထိုးရက်စွဲထက် (၆)လထက် ကျော်လွန်နေသည့် စာရွက် စာတမ်းများ

၄။      နိုတြီထပ်ဆင့်ထောက်ခံချက်ပြုလုပ်ရာတွင် ယူဆောင်လာရမည့် စာရွက်စာတမ်းများမှာ-

(က)    မှတ်ပုံတင်(မူရင်း+မိတ္တူ)

(ခ)     အိမ်ထောင်စုစာရင်း(မူရင်း+မိတ္တူ)  

(ဂ)     အောင်လက်မှတ်၊ဘွဲ့လက်မှတ်စသည့် မူရင်းစာရွက်များ(မူရင်း+မိတ္တူ)

(ဃ)    နိုတြီ(မူရင်း+မိတ္တူ)

(င)    မြန်မာ့စီးပွားရေးဘဏ် (ရန်ကုန်ဘဏ်(၅)   MD 000206   သို့မဟုတ် နေပြည်တော်ဘဏ် MD 011133)     

၅။      အပျို/လူပျိုဖြစ်ကြောင်း ကျမ်းကျိန်လွှာ(နိုတြီ)နှင့်စပ်လျဉ်း၍ တရားရုံး တစ်ရုံးရုံးတွင် ကျမ်းကျိန်၍ ဥပဒေနှင့် အညီရယူထားသော အပျို/လူပျိုဖြစ်ကြောင်း ကျမ်းကျိန်လွှာကို နိုတြီပဗ္ဗလစ်မှ တာဝန်ခံဘာသာပြန်ဆိုလာမှုအပေါ် ထပ်ဆင့်ထောက်ခံခြင်းအား နိုင်ငံခြားရေးဝန်ကြီးဌာနတွင်(၁၁-၁-၂၀၁၇) ရက်နေ့မှ စတင်၍ လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည်။

၆။  နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ကိုယ်စားလှယ်ဖြင့် ထပ်ဆင့်ထောက်ခံချက် ဆောင်ရွက်လိုသူအနေဖြင့် မိသားစု အိမ်ထောင်စု စာရင်းဝင်ဖြစ်ရန် လိုအပ်ပါသည်။ အိမ်ထောင်စုစာရင်းဝင် မဟုတ်သော အခြားကိုယ်စားလှယ်တစ်ဦးဖြစ်ပါက ကာယကံရှင်နှင့် ဆက်နွယ်မှုရှိသည့် ခိုင်လုံသော အထောက်အထား သို့မဟုတ် တော်စပ်ကြောင်း ထောက်ခံစာတစ်ခုခုဖြင့် လာရောက်ဆက်သွယ် ဆောင်ရွက်နိုင်ပြီး ကိုယ်စားလှယ်ဆောင်ရွက်သူမှ ကာယကံရှင်၏ မှတ်ပုံတင်မူရင်းကိုတပါတည်း ယူဆောင်လာရမည်ဖြစ်ပါသည်။

၇။     နိုတြီဆောင်ရွက်သူများအနေဖြင့် နိုတြီတစ်စောင်လျှင် ငွေကျပ် ၅၀၀/-နှုန်းဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဘဏ်စာရင်းအမှတ်များ ဖြစ်ကြသော ရန်ကုန်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်(၅) MD 000206 (သို့မဟုတ်) နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ် MD 011133 သို့ ငွေပေးသွင်းရမည်ဖြစ်ပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနမှ စာရွက်စာတမ်းပြည့်စုံ၍ မှန်ကန်မှုရှိသော နိုတြီများကို ထပ်ဆင့် ထောက်ခံချက်ပြုလုပ်ပေးခြင်းအား နိုင်ငံခြားရေးဝန်ကြီးဌာန (နေပြည်တော်နှင့်ရန်ကုန်)တွင် နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိပြီး၊ လုပ်ငန်းများ ပိုမိုလွယ်ကူ လျင်မြန်စေရန်အတွက် (One Stop Service) အား ရန်ကုန်မြို့၊ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးတွင် ဆောင်ရွက် ပေးလျက်ရှိပါသည်။

၈။      ရုံးတည်နေရာနှင့်ဆက်သွယ်ရမည့်လိပ်စာများမှာ –

        နေပြည်တော်ရုံး                     ရန်ကုန်ရုံး

နိုင်ငံခြားရေးဝန်ကြီးဌာန –      နိုင်ငံခြားရေးဝန်ကြီးဌာန

ရုံးအမှတ်(၉)၊                        ပဲခူးကလပ်မှတ်တိုင်၊သံတမန်လမ်း

ဖုန်း – ၀၆၇-၄၁၂၁၈၅             ဖုန်း- ၀၁-၂၂၀၂၄၄

 

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ခန့်အပ်ထားသည့် နိုတြီပဗ္ဗလစ်ရှေ့နေများ၏ ရုံးခန်းလိပ်စာနှင့် ဆက်သွယ်ရမည့်ဖုန်းနံပါတ်များ

 

ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှ ရပ်စဲထားသည့် (Black List) နိုတြီပဗ္ဗလစ် ရှေ့နေများမှာ –

 (က)    ဦးစိန်လင်း     (၁၁၂၈)                            ( ၁၂-၉-၂၀၀၇)

(ခ)     ဦးမြင့်အောင်   (၃၂၁၁)                             (၁၂-၉-၂၀၀၇)

(ဂ)     ဦးကျော်ထွန်းအောင် (၃၆၈၆)                  (၁၂-၉-၂၀၀၇)

(ဃ)    ဦးစမ်းမောင်   (၄၉၃၉)                            (၃၀-၁၀-၂၀၁၄)

(င)     ဦးမြင့်သိန်း     (၃၅၄၄)                            (၂-၂-၂၀၁၈)

(စ) ဦးစောမြင့်ကို (၄၂၃၂) (၂၂-၈-၂၀၂၂)

ကောင်စစ်ရေးရာဌာန

ကောင်စစ်ရေးရာနှင့်ဥပဒေရေးရာဦးစီးဌာန

နိုင်ငံခြားရေးဝန်ကြီးဌာန