ဘာလင်မြို့၊ မြန်မာသံရုံးယာယီတာဝန်ခံ ဘာလင်-အာဆီယံကော်မတီ အစည်းအဝေးသို့ ပါဝင်တက်ရောက်( ၁၇-၃-၂၀၂၃ ရက်)

( ၁၇-၃-၂၀၂၃ ရက်၊ ဘာလင်) မြန်မာသံရုံး၊ ဘာလင်မြို့မှ သံရုံးယာယီတာဝန်ခံ ဦးကျော်ထင်လင်း သည် ၂၀၂၃ ခုနှစ်၊ မတ်လ ၁၇ ရက်၊ ၁၀၀၀ နာရီတွင် ထိုင်းနိုင်ငံသံရုံး၌ ကျင်းပသည့် ဘာလင်-အာဆီယံကော်မတီ (Berlin…

နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်နှင့် လျှိုကျိုးမြို့မှ စီးပွားရေးလုပ်ငန်းရှင်များအကြား တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ(၁၆-၃-၂၀၂၃ ရက်)

(၁၆-၃-၂၀၂၃ ရက်၊ နန်နင်း) မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ကွမ်ရှီးဒေသ၊ လျှိုကျိုးမြို့တို့အကြား ချစ်ကြည်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်နိုင်ရန်အတွက် လျှိုကျိုးနိုင်ငံခြားရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး Mr. Wu Qijun ဦးဆောင်၍ သတ္တုတွင်းကုမ္ပဏီ၊ အစားအသောက်ကုမ္ပဏီ၊ ပတ်ဝန်းကျင်…

မော်စကိုနိုင်ငံတကာခရီးလာရေးလုပ်ငန်းပြပွဲတွင် ပါဝင်ပြသသည့် မြန်မာခရီးသွားပြခန်းသို့ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး သွားရောက်အားပေး(၁၆-၃-၂၀၂၃ ရက်)

(၁၆-၃-၂၀၂၃ ရက်၊ မော်စကို) ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၌ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၆ ရက်မှ ၁၈ ရက်အထိ ကျင်းပသည့် (၂၉) ကြိမ်မြောက် မော်စကိုနိုင်ငံတကာခရီးသွားလာရေးလုပ်ငန်းပြပွဲ (Moscow International Travel and…

အာဆီယံ-ဂျပန်ဗဟိုဌာန၏ (၄၂) ကြိမ်မြောက် ကောင်စီဒါရိုက်တာများအစည်းအဝေးသို့ မြန်မာကောင်စီဒါရိုက်တာဖြစ်သူ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက်(၁၇-၃-၂၀၂၃ ရက်)

(၁၇-၃-၂၀၂၃ ရက်၊ တိုကျို) အာဆီယံ-ဂျပန်ဗဟိုဌာန (ASEAN-Japan Centre) ၏ (၄၂) ကြိမ်မြောက် ကောင်စီဒါရိုက်တာများ အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၇ ရက်၊ ၁၃:၃၀ နာရီတွင် တိုကျိုမြို့ရှိ အာဆီယံ-ဂျပန်ဗဟိုဌာန၌…

ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး အာဆီယံသံအမတ်ကြီးများနှင့် အီးယူပါလီမန် အဖွဲ့ဝင်များနှင့် အရှေ့တောင်အာရှနိုင်ငံများနှင့် အာဆီယံဆက်ဆံရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တို့အကြား တွေ့ဆုံပွဲများသို့ တက်ရောက်(၁၅-၃-၂၀၂၃ ရက်)

(၁၅-၃-၂၀၂၃ ရက်၊ ဘရပ်ဆဲလ်) ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့အခြေစိုက် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ၏ အာဆီယံ သံအမတ်ကြီးများသည် ဥရောပပါလီမန် ဒုတိယဥက္ကဋ္ဌ မစ္စ ဟိုင်ဒီဟူတာလား နှင့် ၁၅-၃-၂၀၂၃ ရက်နေ့ နံနက်ပိုင်း၌ ဥရောပပါလီမန်ဌာနချုပ် အခြေစိုက်တည်ရှိရာ ပြင်သစ်နိုင်ငံ၊ Strasbourg…

မြန်မာသံရုံး၊ မော်စကိုမြို့မှ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲ ကျင်းပ(၁၄-၃-၂၀၂၃ ရက်)

(၁၄-၃-၂၀၂၃ ရက်၊ မော်စကို) ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၊ မြန်မာသံရုံးမှ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မတ်လ (၁၄) ရက်၊ ၁၈၀၀ နာရီမှ ၂၁၀၀ နာရီအထိ…

အာဆီယံကော်မတီ၊ ပရာ့ဂ်မြို့နှင့် ချက်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၏ အလွတ်သဘော ဆွေးနွေးပွဲသို့ ချက်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ တက်ရောက်(၁၅-၃-၂၀၂၃ ရက်)

(၁၅-၃-၂၀၂၃ ရက်၊ ပရာ့ဂ်) ချက်နိုင်ငံတွင် ရုံးစိုက်သော အာဆီယံနိုင်ငံ ၆ နိုင်ငံမှ သံရုံးများ (မြန်မာ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်)ဖြင့် ဖွဲ့စည်းထားသည့် အာဆီယံကော်မတီ၊ ပရာ့ဂ်မြို့နှင့် ချက်နိုင်ငံခြားရေးဝန်ကြီးဌာန၊ Non-European…

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေး(၁၅-၃-၂၀၂၃ရက်)

(၁၅-၃-၂၀၂၃ ရက်၊ ပေကျင်း) တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေသည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းနှင့် ၁၅-၃-၂၀၂၃ ရက်၊ ၁၀၃၀ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာ-တရုတ် နယ်စပ်ဒေသတစ်လျှောက်…

(၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ ဧည့်ခံပွဲအခမ်းအနားကို မြန်မာသံရုံး၊ နယူးဒေလီမြို့မှ ကျင်းပ (၁၄-၃-၂၀၂၃ ရက်)

(၁၄-၃-၂၀၂၃ ရက်၊ နယူးဒေလီ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို မြန်မာသံရုံး၊ နယူးဒေလီမြို့မှ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၃ ရက်၊ ညနေပိုင်းတွင် Shangri-La Eros ဟိုတယ်၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန Minister of State H.E. Shri B. L. Verma မှ ဧည့်သည်တော် (Guest of Honour) အဖြစ် တက်ရောက်ခဲ့ပြီး၊ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနမှအရာရှိကြီးများ၊ နယူးဒေလီမြို့ရှိ သံတမန်အဖွဲ့ နာယက၊ အာဆီယံနိုင်ငံများ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ဂျော်ဂျီယာ၊ အီရန်၊ ကိုရီးယား၊ ကာဇက်စတန်၊ ကူဝိတ်၊ မွန်ဂိုလီးယား၊ နီပေါ၊ ပါပူဝါနယူးဂီနီ၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ဆီးရီးယား၊ စသည့် နိုင်ငံများမှ သံအမတ်ကြီးများ/ သံရုံးယာယီတာဝန်ခံများနှင့် ဇနီးများ၊ သံရုံးဒုတိယအကြီးအကဲများနှင့် ဇနီးများ၊ စစ်သံမှူးများနှင့် ဇနီးများ၊ သံတမန်များ၊ မဏိပူရ် ပြည်နယ်မှ ဥပဒေပြုအမတ်၊ အာရှ-အာဖရိကဥပဒေ အတိုင်ပင်ခံအဖွဲ့ အတွင်းရေးမှူးချုပ်၊ အိန္ဒိယစီးပွားရေးနှင့်ကုန်သွယ်ရေးအဖွဲ့ (IETO)၊ အိန္ဒိယ-အာဆီယံ ကုန်သွယ်ရေးကောင်စီ အပါအဝင် အိန္ဒိယ၏ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အဖွဲ့အစည်းများ၊မြန်မာ-အိန္ဒိယ အသိုက်အဝန်းမှ ဧည့်သည်တော်များ တက်ရောက်ခဲ့ပါသည်။  အခမ်းအနားတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ၏ နိုင်ငံတော်သီချင်းများ ဖွင့်လှစ်၍ အလေးပြုခဲ့ပြီး၊ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်မှ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ထို့နောက် Minister of State နှင့်အတူ အာဆီယံသံအမတ်ကြီးများ/ သံရုံးယာယီတာဝန်ခံများ၊ ဧည့်ခံပွဲသို့ တက်ရောက်လာသည့် သံအမတ်ကြီးများနှင့်အတူ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူး၍ ဧည့်သည်တော်များအား ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။  

ဘရာဇီးလ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ ဘရာဇီးလ်နိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီးအား လက်ခံတွေ့ဆုံ (၁၃-၃-၂၀၂၃ ရက်)

(၁၃-၃-၂၀၂၃ ရက်၊ ဘရာဇီးလျား) ဘရာဇီးလ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်ဇံသည် ဘရာဇီးလ်နိုင်ငံ ဆိုင်ရာ မလေးရှားသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် H.E. Mrs. Gloria Corina Anak Peter Tiwet အား ၁၃-၃-၂၀၂၃ရက်၊ (၁၄:၃၀) နာရီတွင် မြန်မာသံအမတ်ကြီး၏ နေအိမ်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံစဉ် ဘရာဇီးလျားမြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများနှင့် အိမ်ရှင်ဘရာဇီးလ် နိုင်ငံတို့အကြား ပိုမိုနီးကပ်စွာ ဆက်ဆံရေးနှင့် သက်ဆိုင်ရာကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာသံရုံးနှင့် မလေးရှားသံရုံးတို့အကြား အပြန်အလှန်နားလည်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။