AWCLA Bowling Tournament 2025 တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး ပါဝင်ဆင်နွှဲAWCLA Bowling Tournament 2025 တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး ပါဝင်ဆင်နွှဲ (၂၃-၈-၂၀၂၅ ရက်)

(၂၃-၈-၂၀၂၅ ရက်၊ လော့စ်အိန်ဂျယ်လိစ်)

 AWCLA Bowling Tournament 2025 ကို ASEAN Women Circle of Los Angeles (AWCLA) ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိသော ဖိလစ်ပိုင်ကောင်စစ်ဝန်ချုပ်ရုံးက အာဆီယံမိသားစုဝင်များလှုပ်ရှားမှုအဖြစ် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်၊ ၁၃:၃၀ နာရီတွင် ကယ်လီဖိုးနီးယားပြည်နယ်၊ Glendale မြို့ရှိ Back Alley ဘိုးလင်းအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဘိုးလင်းပြိုင်ပွဲသို့ လော့စ်အိန်ဂျယ်လိစ်မြို့အခြေစိုက် အာဆီယံကောင်စစ်ဝန်ချုပ်ရုံးများဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ကောင်စစ်ဝန်ချုပ်များနှင့် ဇနီးများ၊ ဝန်ထမ်းမိသားစုဝင်များနှင့်အတူ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ လော့စ်အိန်ဂျယ်လိစ်မြို့မှ ကောင်စစ်ဝန်ချုပ် ဒေါ်ဝင်းလဲ့ဖြူနှင့်မိသားစု၊ ကောင်စစ်ဝန်ချုပ်ရုံးဝန်ထမ်းများနှင့် မိသားစုဝင်များက တက်ကြွစွာ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။ အဆိုပါဘိုးလင်းပြိုင်ပွဲတွင် တစ်ဦးချင်းဆုရရှိသည့် ကစားသမားများနှင့် ထူးချွန်အသင်းများအား ဆုအသီးသီးပေးအပ်ခြင်းနှင့် မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်းတို့ပြုလုပ်ပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။