(၅-၁၁-၂၀၂၆၊ ဗီယင်နာ)
ဗီယင်နာမြို့အခြေစိုက် မြန်မာသံရုံးနှင့် အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးအောင်ကျော်ဇံသည် ၄-၁၁-၂၀၂၆ ရက်တွင် သံတမန်အဖွဲ့နာယက/ ဩစတြီးယား နိုင်ငံဆိုင်ရာ ဟိုလီဆီး သံအမတ်ကြီး H.E. Archbishop Dr. Pedro López Quintana အား ဗီယင်နာမြို့ရှိ ဟိုလီဆီးသံရုံး (Apostolic Nunciature) သို့ သွားရောက်တွေ့ဆုံခဲ့သည်။
ယင်းသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဟိုလီဆီးအကြား နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာစေ ရေး၊ အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

