သံအမတ်ကြီး ဦးကျော်တင်ရှိန် အီဂျစ်အာကာသအေဂျင်စီ (EgSA) အကြီးအကဲနှင့် သွားရောက်တွေ့ဆုံခဲ့ခြင်း (၂၀-၈-၂၀၂၆၊ ကိုင်ရို)

​အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန်သည် အီဂျစ် အာကာသအေဂျင်စီ (Egyptian Space Agency-EgSA) အမှုဆောင်အရာရှိချုပ် Dr. Eng. Maged Ismail Mohamed Ismail အား အီဂျစ်နိုင်ငံ၏ ကိုင်ရိုမြို့သစ်ရှိ အီဂျစ်အာကာသအေဂျင်စီ (EgSA) အဆောက်အဦတွင် ၁၉-၈-၂၀၂၆ ရက် (ဗုဒ္ဓဟူးနေ့)၊ မွန်းလွဲ ၁၂၀၀ နာရီအချိန်၌ သွားရောက်တွေ့ဆုံခဲ့ပြီး မြန်မာအာကာသအေဂျင်စီ (Myanmar Space Agency–MSA) တည်ထောင်ထားရှိမှုအခြေအနေ၊ MSA မှ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများနှင့် ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ နိုင်ငံတကာမှ အာကာသအေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ စသည်တို့အား ရှင်းလင်းပြောကြားခဲ့ပါသည်။ အီဂျစ်အာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ်ကလည်း EgSA ၏ နောက်ခံအကြောင်းအရာ သတင်း အချက်အလက်များ၊ အောင်မြင်မှုများ၊ ဆက်လက်ဆောင်ရွက်နေသည့် အခြေအနေများနှင့် နိုင်ငံတကာမှ အာကာသအေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများအား ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် မြန်မာ-အီဂျစ် နှစ်နိုင်ငံအာကာသအေဂျင်စီ နှစ်ခုအကြား ဆက်ဆံရေး ထူထောင်ရန်နှင့် ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အခြေအနေများအား အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားခဲ့ပါသည်။