(၉-၁၂-၂၀၂၅ ရက်၊ ကိုလံဘို)
သီရိလင်္ကာနိုင်ငံ၌ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလက ဒီဝါဆိုင်ကလုန်းမုန်တိုင်းဒဏ် ထိခိုက် ခံစားခဲ့ရသော ပြည်သူများအတွက် မြန်မာနိုင်ငံအစိုးရနှင့် မြန်မာပြည်သူများမှ အမေရိကန် ဒေါ်လာ ၁ သိန်းနှင့် လူသားချင်းစာနာမှုအကူအညီများ ပေးအပ်လှူဒါန်းမှုကို ၈-၁၂-၂၀၂၅ ရက် (တနင်္လာနေ့)၊ ၁၃၁၅ နာရီတွင် သီရိလင်္ကာနိုင်ငံခြားရေး၊ ပြည်ပအလုပ်အကိုင်ရေးရာနှင့် ခရီး သွားလာရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံမှ ပေးအပ်သည့် လူသားချင်း စာနာမှုအကူအညီများတွင် ဆန်တန်ချိန် ၅၀၀၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် လူသုံးကုန်ပစ္စည်း ၉.၂ တန် ပါဝင်ပါသည်။
အခမ်းအနားတွင် မြန်မာသံအမတ်ကြီး ဒေါ်မာလာသန်းထိုက်က သီရိလင်္ကာနိုင်ငံခြား ရေး၊ ပြည်ပအလုပ်အကိုင်ရေးရာနှင့် ခရီးသွားလာရေးဝန်ကြီး မစ္စတာ ဗီဂျစ်သာ ဟီရတ် ထံသို့ အမေရိကန်ဒေါ်လာ ၁ဝဝ,ဝဝဝ အပါအဝင် လူသားချင်းစာနာမှုအကူအညီများ ပေးအပ်မှုစာလွှာကို ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

