၈-၇-၂၀၂၅
၁။ အာဆီယံ-ရီရတ်ဒ် ကော်မတီဥက္ကဌ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟာရွမ် ဂျူနစ် က တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာ သံအမတ်ကြီး နှင့် မလေးရှား သံအမတ်ကြီးတို့အား ဂုဏ်ပြုနှုတ်ဆက်သည့် ဧည့်ခံပွဲကို ၈-၆-၂၀၂၅ ရက်နေ့ ၁၂ ၃၀ နာရီတွင် ရီရတ်ဒ်မြို့ရှိ ဘရူနိုင်းသံအမတ်ကြီး၏နေအိမ်၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာသံအမတ်ကြီး ဦးတင်ယု ပါဝင်တက်ရောက်ခဲ့ပါသည်။
၂။ အဆိုပါဧည့်ခံပွဲသို့ ရီရတ်ဒ်မြို့ အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများ ပါဝင်တက်ရောက်ခဲ့ပြီး၊ အာဆီယံ-ရီရတ်ဒ် ကော်မတီဥက္ကဌ ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ သံအမတ်ကြီး၊ မြန်မာသံအမတ်ကြီးနှင့် မလေးရှားသံအမတ်ကြီး တို့မှ အပြန်အလှန် ဆုတောင်းစကားများ ပြောကြားခဲ့ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ ကြပါသည်။

