အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ ရုရှားသံအမတ်ကြီးအား သွားရောက်တွေ့ဆုံ (၇-၇-၂၀၂၅ ရက်)

(၇-၇-၂၀၂၅ ရက်၊ အဒစ်အဘာဘာ)

အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်မင်းဦးသည် အီသီယိုပီးယားနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E Mr. Evgeny Terekhin အား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၇ ရက် (၁၆:၀၀) နာရီအချိန်တွင် အဒစ်အဘာဘာမြို့ရှိ ရုရှားသံရုံးသို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံ သံအမတ်ကြီးများသည် မြန်မာ-ရုရှား နှစ်နိုင်ငံအကြားရှိ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး ပိုမိုခိုင်မာစေရေး၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ အာဖရိကသမဂ္ဂနှင့်ပတ်သက်၍ သိရှိလိုသည့်အချက်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရှိရပါသည်။