အာဆီယံနိုင်ငံများယဉ်ကျေးမှုပြခန်းတွင် ကွာလာလမ်ပူမြို့၊ မြန်မာသံရုံးက ပါဝင်ပြသ

မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့သည် မလေးရှားနိုင်ငံ၊ ဂျိုဟိုးမြို့၌ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်မှ ၂၀ ရက်အထိ ကျင်းပပြုလုပ်သည့် အာဆီယံ ခရီးသွားလာရေးလုပ်ငန်းပြပွဲ (ASEAN Travel Exchange-TRAVEX) ၏ အာဆီယံနိုင်ငံများယဉ်ကျေးမှုပြခန်းတွင် ပါဝင်ပြသခဲ့ပါသည်။ အဆိုပါပြပွဲကို မလေးရှားနိုင်ငံ၊ ခရီးသွားလာရေး၊ အနုပညာနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ စီစဉ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ကွာလာလမ်ပူမြို့အခြေစိုက် အာဆီယံသံရုံးများလည်း ပါဝင်ပြသခဲ့ပါသည်။

အဆိုပါပြပွဲသည် အာဆီယံခရီးသွားဖိုရမ် ၂၀၂၅ နှင့်တစ်ဆက်တည်း ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကာ အာဆီယံနိုင်ငံများ၏ အဆင့်အတန်းမြင့်မားသည့် ယဉ်ကျေးမှုအလှအပများ၊ သမိုင်းကြောင်းများနှင့် စိတ်ဝင်စားဖွယ်ရာ လှပသည့်ခရီးသွားနေရာများကို ပြသရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။