(၂၁-၅-၂၀၂၄၊ ဘဲလ်ဂရိတ်)
မြန်မာသံရုံး၊ ဘဲလ်ဂရိတ်မြို့မှ သံအမတ်ကြီး ဦးအောင်မင်းဦးသည် ၂၁-၅-၂၀၂၄ ရက်တွင် ဘဲလ်ဂရိတ်မြို့ရှိ အီရန်သံရုံးသို့ သွားရောက်၍ ၁၉-၅-၂၀၂၄ ရက်နေ့က အီရန်နိုင်ငံ၊ အနောက်မြောက်ဘက်ပြည်နယ်အတွင်းရှိ အဇာဘိုင်ဂျန်နယ်စပ် အရှေ့ဘက်၌ ရဟတ်ယာဉ် မတော်တဆဖြစ်စဉ်တွင် ကွယ်လွန်ခဲ့သည့် အီရန်နိုင်ငံ သမ္မတ H.E. Dr. Seyyed Ebrahim Raisi ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Dr. Hossein Amir-Abdollahian နှင့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဝင်များအတွက် အီရန်သံရုံး၌ ဖွင့်လှစ်ထားရှိသည့် ဝမ်းနည်းကြောင်း မှတ်တမ်းလွှာစာအုပ်၌ ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။
********************************

