ပရာ့ဂ်မြို့၌ကျင်းပသည့် ASEAN Family Day သို့ မြန်မာသံရုံးမှ ပါဝင်ဆင်နွှဲ(၂၄-၈-၂၀၂၃ ရက်)

(၂၄-၈-၂၀၂၃ ရက်၊ ပရာ့ဂ်)

မြန်မာသံရုံး၊ ပရာ့ဂ်မြို့မှ သံရုံးယာယီတာဝန်ခံ ဒေါက်တာထွန်းနောင်နှင့် သံရုံးမိသားစုဝင်များသည် ၂၄-၈-၂၀၂၃ ရက်၊ (၁၆၀၀) နာရီမှ (၁၈၀၀) နာရီအထိ အင်ဒိုနီးရှားသံအမတ်ကြီးနေအိမ်ခြံဝန်းတွင် အာဆီယံ-ပရာဂ့်ကော်မတီမှ ကြီးမှူးကျင်းပသည့် ASEAN Family Day အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အခမ်းအနားသို့ ပရာ့ဂ်မြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများ၊ သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ဒေသခန့်ဝန်ထမ်းများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် အာဆီယံသီချင်းဖြင့်ဖွင့်လှစ်ခြင်း၊ အာဆီယံသံရုံးအကြီးအကဲများမှ အမှာစကားများပြောကြားခြင်းနှင့် ပါဝင်တက်ရောက်သူများအားလုံး စုပေါင်း၍ အမှတ်တရဓာတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ ထို့နောက် အားကစားပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲအစီအစဉ်များကို ဆက်လက်ကျင်းပခဲ့ပြီး ဆုများပေးအပ်ခဲ့ကြကာ နိုင်ငံအလိုက် ရိုးရာအစား အစာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။