ဆိုင်ကလုန်း မိုခါဘေးသင့်ဒေသများမှ ပြည်သူများအတွက်ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အထောက်အကူပြုစေရန် ရည်ရွယ်ကာ အိနိ္ဒယနိုင်ငံ၊ Aruna Abhay Oswal Trust မှ အလှူငွေလှူဒါန်း (၂၃-၅-၂၀၂၃ ရက်)

(၂၃-၅-၂၀၂၃ ရက်နေ့၊ နယူးဒေလီ)

 ဆိုင်ကလုန်း မိုခါဘေးသင့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အထောက်အကူပြုစေရန် ရည်ရွယ်ကာ အိနိ္ဒယနိုင်ငံ၊ Aruna Abhay Oswal Trust မှ ဥက္ကဌ ဖြစ်သူ Mrs. Aruna Oswal မှ လှူဒါန်းသည့် ရူပီး ၁၂၅,၀၀၀ (တစ်သိန်းနှစ်သောင်းငါးထောင် တိတိ)ကို  Indo-Myanmar Friendship Association ၏ General Secretary ဖြစ်သူ  Mr. Gaurav Gupta မှ မြန်မာသံရုံးသို့ ၂၃-၅-၂၀၂၃ ရက်နေ့တွင် လာရောက်ပေးအပ်ခဲ့ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်မှ အလှူငွေများ လက်ခံရယူခဲ့ပါသည်။

ထို့နောက် သံအမတ်ကြီး ဦးမိုးကျော်အောင်မှ  မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် လိုအပ်ချက်များကို ပံ့ပိုးကူညီပေးသည့်အတွက် မြန်မာနိုင်ငံ အစိုးရကိုယ်စား  ကျေးဇူးတင်ရှိ ကြောင်းနှင့် မြန်မာနိုင်ငံသို့ ဆက်လက်လွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားကာ ကျေးဇူးတင်လွှာ ပေးအပ်ခဲ့ပါသည်။