(၈-၂-၂၀၂၂ ရက်၊ ဖနောင်ပင်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံး၊ ဖနောင်ပင်မြို့နှင့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (Myanmar Airways International) တို့ပူးပေါင်းပြီး ကမ္ဘောဒီးယားနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့်ရောက်ရှိနေပြီး ကပ်ရောဂါကာလတွင်းအခြေအနေများကြောင့် ဆက်လက် နေထိုင်ရန်အခက်အခဲရှိသည့် မြန်မာနိုင်ငံသားများအား (၈) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်၊ ပျံသန်းအမှတ် 8M 402 ဖြင့် ၈-၂-၂၀၂၂ ရက်၊ အင်္ဂါနေ့၊ မွန်းလွဲ(၁၄:၃၀) နာရီအချိန်တွင် ဖနောင်ပင်- ရန်ကုန်ခရီးစဉ်အတိုင်း ပို့ဆောင်ပေးခဲ့ပါသည်။
အဆိုပါ MAI ကယ်ဆယ်ရေးလေယာဉ် (Relief Flight) ပေါ်တွင် မြန်မာနိုင်ငံသား(၆၃) ဦးနှင့် အရေးပေါ်တာဝန်/ကိစ္စဖြင့် သွားရောက်မည့် နိုင်ငံခြားသား (၉) ဦး၊ စုစုပေါင်း (၇၂) ဦးတို့ လိုက်ပါသွားခဲ့ရာ မြန်မာသံရုံး၊ ဖနောင်ပင်မြို့မှ သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများမှ ဖနောင်ပင်အပြည်ပြည်ဆိုင် ရာလေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ချိတ်ဆက်ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရပါသည်။




