ကမ္ဘောဒီးယားနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား သတ္တမအကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်

(၂၈-၉-၂၀၂၁ ရက်၊ ဖနောင်ပင်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံး၊ ဖနောင်ပင်မြို့နှင့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (Myanmar Airways International) တို့ပူးပေါင်းပြီး ကမ္ဘောဒီးယားနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေပြီး ကပ်ရောဂါကာလတွင်း အခြေအနေများကြောင့် ဆက်လက်နေထိုင်ရန် အခက်အခဲရှိသည့် မြန်မာနိုင်ငံသားများအား သတ္တမအကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်၊ ပျံသန်းအမှတ် 8M 402 ဖြင့် ၂၈-၉-၂၀၂၀ ရက်၊ အင်္ဂါနေ့၊ မွန်းလွဲ(၁၃:၃၀) နာရီအချိန်တွင် ဖနောင်ပင်-ဆီဟာနုဗေးလ်-ရန်ကုန်ခရီးစဉ်အတိုင်း ပို့ဆောင်ပေးခဲ့ပါသည်။

အဆိုပါ MAI ကယ်ဆယ်ရေးလေယာဉ် (Relief Flight) ပေါ်တွင် မြန်မာနိုင်ငံသား(၁၂၂) ဦးနှင့် အရေးပေါ်တာဝန်/ကိစ္စဖြင့် သွားရောက်မည့် နိုင်ငံခြားသား (၃) ဦး၊ စုစုပေါင်း (၁၂၅) ဦးတို့ လိုက်ပါသွားခဲ့ရာ မြန်မာသံရုံး၊ ဖနောင်ပင်မြို့မှ သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများမှ ဖနောင်ပင် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ချိတ်ဆက်ကူညီဆောင်ရွက် ပေးခဲ့ကြကြောင်း သိရှိရပါသည်။