(၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဧည့်ခံပွဲ ကျင်းပ(၂၉-၃-၂၀၂၃ ရက်)

(၂၉-၃-၂၀၂၃ ရက်၊ မော်စကို)

မြန်မာသံရုံး၊ မော်စကိုမြို့နှင့် မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ရုံး၊ မော်စကိုမြို့ တို့ပူးပေါင်း၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်ဧည့်ခံပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မတ်လ ၂၉ ရက်၊ ၁၈:၀၀ နာရီမှ ၂၀:၃၀ နာရီအထိ ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်အိမ်ရာများစီမံခန့်ခွဲမှုဌာနရှိ ယဉ်ကျေးမှုစင်တာ (UpDK Cultural Center) ၌ ကျင်းပခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယကာကွယ်ရေး ဝန်ကြီး Colonel General A.V. Fomin မှ အထူးဧည့်သည်တော်အဖြစ်တက်ရောက်ခဲ့ပြီး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဝဏ္ဏကျော်ထင်စည်သူ ဦးလွင်ဦးနှင့်ဇနီး၊ မြန်မာသံရုံးမှ ဝန်ထမ်းများနှင့်မိသားစုများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) စစ်သံမှူး ဗိုလ်မှူးချုပ် မိုးကျော်နှင့် ဇနီး၊ မြန်မာစစ်သံရုံးမှ ဝန်ထမ်းများနှင့်မိသားစုများ၊ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိကြီးများ၊ Public Council ဥက္ကဋ္ဌ Mr. Pavel Gusev နှင့်အဖွဲ့ဝင်များ၊ စိန့်ပီတာစဘတ် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ ဒုတိယက္ကဋ္ဌ Mr. Vyacheslav Kalganov၊ ရုရှားသမ္မတအကြံပေး၏ လက်ထောက် Mr. Sergey Shatirov၊ Roscongress Investments အဖွဲ့ ဒါရိုက်တာ Mr. Alexander Shatirov နှင့်အဖွဲ့ဝင်များ၊ မော်စကိုမြို့အခြေစိုက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး၊ ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံ တို့မှ သံမှူးကြီးများ၊ အာမေးနီးယား၊ ဘီလာရုစ်၊ အိန္ဒိယ၊ အီဂျစ်၊ အင်ဒိုနီးရှား၊ အီရန်၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ လာအို၊ မက္ကဆီကို၊ မွန်ဂိုလီးယား၊ ပါကစ္စတန်၊ ပီရူး၊ ဖိလစ်ပိုင်၊ ရိုမေးနီးယား၊ ဆားဘီးယား၊ သီရိလင်္ကာ၊ ဆီးရီးယား၊ တောင်အာဖရိက၊ ထိုင်း၊ ဥဇဘက်ကစ္စတန်၊ ဗီယက်နမ်နိုင်ငံတို့မှ စစ်သံမှူးများ၊ တရုတ်နိုင်ငံမှ ဒုတိယ စစ်သံမှူးနှင့် လက်ထောက်စစ်သံမှူး၊ ရုရှား-မြန်မာချစ်ကြည်ရေးအသင်း၊ FSMTC၊ Rosoboronexport နှင့် မိတ်ဖက်ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ မော်စကိုမြို့ရှိ တက္ကသိုလ်များမှ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများနှင့် ဆရာ/ဆရာမများ၊ အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စစ်ဘက်/နယ်ဘက် သင်တန်းသားအရာရှိများ၊ မြန်မာနိုင်ငံမှ ကျောင်းသား/သူများ စုစုပေါင်း အင်အား (၄၀၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဝဏ္ဏကျော်ထင်စည်သူ ဦးလွင်ဦး၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယကာကွယ်ရေး ဝန်ကြီး Colonel General A.V. Fomin နှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) စစ်သံမှူး ဗိုလ်မှူးချုပ် မိုးကျော်တို့မှ မိန့်ခွန်းပြောကြားခဲ့ပြီး (၇၈)နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုတေး အဖြစ် “တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်” သီချင်း၊ “We are Together” သီချင်းနှင့် မြန်မာ့ရိုးရာ သိုင်းပညာသရုပ်ပြမှုတို့ဖြင့် ဂုဏ်ပြုဖျော်ဖြေခဲ့ပြီး ကြွရောက်လာကြသော ဧည့်သည် တော်များအား ဥရောပအစားအစာ၊ မြန်မာ့ရိုးရာအစားအစာတို့ဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။