အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာနနှင့် မြို့ပြလေကြောင်းဝန်ကြီးဌာနတို့၏ High Tea and Cocktail Reception သို့ အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တက်ရောက် (၂-၉-၂၀၂၅ ရက်)

(၂-၉-၂၀၂၅ ရက်၊ နယူးဒေလီ)

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာ ဝန်ကြီးဌာနနှင့် မြို့ပြလေကြောင်းဝန်ကြီးဌာနတို့၏ ဖိတ်ကြားချက်အရ ၂-၉-၂၀၂၅ ရက်နေ့၊ ၁၉:၀၀ နာရီအချိန်တွင် နယူးဒေလီမြို့ရှိ Leela Palace ဟိုတယ်၌ ကျင်းပသော High Tea and Cocktail Reception သို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနား၌ အိန္ဒိယနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ (International Civil Aviation Organization-ICAO) ကောင်စီတွင် ၂၀၂၅-၂၀၂၈ သက်တမ်းအတွက် ပြန်လည်ရွေးချယ်ခံမည်ဖြစ်ကြောင်း မိတ်ဆက် ပြောကြားခဲ့ပါသည်။ ဧည့်ခံပွဲသို့ အိန္ဒိယမြို့ပြလေကြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်ပရေးရာဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် နယူးဒေလီမြို့အခြေစိုက် အာဆီယံ နိုင်ငံများမှ သံအမတ်ကြီးများနှင့် နိုင်ငံတကာသံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များ တက်ရောက်ခဲ့ကြပါသည်။ အိန္ဒိယနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ (International Civil Aviation Organization) စတင်ထူထောင်ရာတွင် ပါဝင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အပြင် ၁၉၄၇ ခုနှစ်မှစ၍ အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းကောင်စီတွင်လည်း စဉ်ဆက်မပြတ် ရွေးချယ်ခြင်းခံရသည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ကြောင်းလည်း သိရှိရပါသည်။