(၂၀-၅-၂၀၂၃ ရက်၊ နယူးဒေလီ)
၁။ အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ စားသုံးသူရေးရာဝန်ကြီးဌာန၊ ပြည်သူ့စားနပ်ရိက္ခာဖြန့်ဖြူးရေးနှင့်အထည်အလိပ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖြစ်သူ H.E. Shri Piyush Goyal မှ ၂၀၂၃ ခုနှစ်၊ မေလ ၂၀ ရက် (စနေနေ့)၊ ညနေပိုင်းတွင် နယူးဒေလီမြို့ရှိ တပ်ဂျ်မဟာဟိုတယ်၌ တည်ခင်းဧည့်ခံသည့် အလုပ်သဘော ညစာစားပွဲအခမ်းအနားသို့ အိန္ဒိယ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် တက်ရောက်ခဲ့ပါသည်။
၂။ အဆိုပါ ညစာစားပွဲအခမ်းအနားသို့ အာရှဒေသအတွင်း နိုင်ငံ ၁၅ နိုင်ငံမှ ဖိတ်ကြား ထားသော ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ပြီး သံအမတ်ကြီးက နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် နှစ်နိုင်ငံ ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလိုင်း ချိတ်ဆက်မှုများမှတစ်ဆင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြောင်း သိရှိရပါသည်။




