(၈-၁၀-၂၀၂၆၊ နယူးဒေလီ)
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအေးမင်းထွေးသည် ၇-၁၀-၂၀၂၆ ရက်တွင် အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၊ သံတမန်ဌာနအကြီးအမှူး Mr. Ashish Sharma ထံသို့ သွားရောက်တွေ့ဆုံ၍ ၎င်း၏ သံအမတ်ခန့်အပ်လွှာမိတ္တူကို ပေးအပ်ခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ကာလရှည်ကြာ ရင်းနှီးချစ်ကြည်သည့် နှစ်နိုင်ငံဆက်ဆံရေးအပေါ် အခြေခံ၍ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်သွားရေးနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။


