အင်ဒိုနီးရှားဆိုင်ရာ မြန်မာသံအမတ်/သံရုံးယာယီတာဝန်ခံ ဦးမန်ဟောက်ထန်သည် အင်ဒိုနီးရှား တရားသူကြီးချုပ် Dr. Sunarto, SH, MH နှင့် ၂၀၂၆ ခုနှစ်၊ မေလ ၈ ရက်နေ့ ၀၉၀၀ နာရီ အချိန်တွင် အင်ဒိုနီးရှားနိုင်ငံတော်တရားသူကြီးချုပ်ရုံးခန်း၌ တွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် အင်ဒိုနီးရှားနိုင်ငံ၌ ပြစ်ဒဏ်ကျခံနေသည့် မြန်မာနိုင်ငံသားများ အရေးနှင့် ပတ်သက်၍ အင်ဒိုနီးရှားတရားစီရင်ရေးဆိုင်ရာယန္တရားမူဘောင်အတွင်း နှစ်နိုင်ငံအကြား ပိုမိုပူးပေါင်းဆောင်ရွက်ရေးနှင့် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများကို ဆွေးနွေးခဲ့ပါသည်။ တရားသူကြီးချုပ် Dr. Sunarto, SH, MH က မြန်မာနိုင်ငံသားများအရေးကို သေချာစွာစဉ်းစား ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မြန်မာနှင့် အင်ဒိုနီးရှားနှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို အလေးထားပါကြောင်းနှင့် ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဆွေးနွေးခဲ့ပါသည်။



