လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ တည်ထောင်ခြင်း (၄၇) နှစ်မြောက် အခမ်းအနားနှင့် ၂၀၂၃ ခုနှစ်အတွက် နှစ်သစ်ဆုတောင်းပွဲ အခမ်းအနားသို့ ပါဝင်တက်ရောက်(၇-၁၂-၂၀၂၂ရက်)

(၇-၁၂-၂၀၂၂ ရက်၊ ဗီယင်ကျန်း)

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ တည်ထောင်ခြင်း (၄၇) နှစ်မြောက် အခမ်းအနားနှင့် ၂၀၂၃ ခုနှစ်အတွက် နှစ်သစ်ဆုတောင်းပွဲ အခမ်းအနားကို ဗီယင်ကျန်းမြို့ရှိ “Ho Kham” သမ္မတနန်းတော်၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်၊ နံနက် ၀၉၀၀ နာရီတွင် ကျင်းပခဲ့ပါသည်။

လာအိုနိုင်ငံ သမ္မတ H.E. Mr. Thongloun Sisoulith က လာအိုနိုင်ငံ အခြေစိုက် နိုင်ငံခြားသံရုံးအသီးသီးမှ သံရုံးအကြီးအကဲများကို အခမ်းအနားသို့ ဖိတ်ကြားတွေ့ဆုံ ဧည့်ခံခဲ့ပြီး၊ သံတမန်အဖွဲ့ နာယက ဗီယက်နမ်သံအမတ်ကြီး H.E. Mr. Nguyen Ba Hung က သံရုံးအသီးသီးမှ ကိုယ်စားလှယ်များကို ဦးဆောင်၍ လာအိုပြည်သူ့တော်လှန်ရေးပါတီ အထွေထွေအတွင်းရေးမှူးနှင့် နိုင်ငံတော်သမ္မတ H.E. Mr. Thongloun Sisoulith နှင့်ဇနီး ၊ ဝန်ကြီးချုပ် H.E. Mr. Phankham Viphavanh နှင့်ဇနီး ၊ အမျိုးသားညီလာခံ ဥက္ကဋ္ဌ H.E. Mr. Saysomphone Phomvihan နှင့်ဇနီး ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Salermxay Kommasith နှင့်ဇနီး နှင့် အခြား အကြီးတန်း ခေါင်းဆောင်များအတွက် ဆုမွန်ကောင်းများ တောင်းပေးခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးကလည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။