(၉-၁၀-၂၀၂၆၊ အဘူဒါဘီ)
ယူအေအီးနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးမှ ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၆ ရက် (အင်္ဂါနေ့)၊ ၁၃၃၀ နာရီအချိန်မှ ၁၄၃၀ နာရီအချိန်ထိ အဘူဒါဘီမြို့၊ Al Maamoura Building B ၌ ကျင်းပပြုလုပ်ခဲ့သော ယူအေအီးပြည်ပကုန်သွယ်ရေးဝန်ကြီး H.E. Dr. Thani bin Ahmed Al Zeyoudi နှင့် အာဆီယံသံအမတ်ကြီးများ အစည်းအဝေးသို့ ယူအေအီးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်ကျော်မင်း ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ယူအေအီးပြည်ပကုန်သွယ်ရေးဝန်ကြီး H.E. Dr. Thani bin Ahmed Al Zeyoudi နှင့် အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် သံတမန်များ၊ ယူအေအီးပြည်ပကုန်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ယူအေအီးပြည်ပကုန်သွယ်ရေးဝန်ကြီး H.E. Dr. Thani bin Ahmed Al Zeyoudi က ယူအေအီးနှင့် အာဆီယံနိုင်ငံများအကြား ကုန်သွယ်မှုမြှင့်တင်ရေး ကိစ္စရပ်များနှင့် ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှု အခြေအနေများအား ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် အာဆီယံသံအမတ်ကြီးများက သက်ဆိုင်ရာနိုင်ငံအလိုက် ယူအေအီးနှင့် ကုန်သွယ်မှုဆက်ဆံရေး ကိစ္စရပ်များအား အသီးသီးဆွေးနွေးခဲ့ကြပါသည်။ မြန်မာသံအမတ်ကြီး ဦးကျော်ကျော်မင်းသည် ယူအေအီး-မြန်မာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ကိစ္စရပ်များ၊ မြန်မာ့ထုတ်ကုန်များ ယူအေအီးဈေးကွက်သို့ တိုးမြှင့်တင်ပို့နိုင်ရေး ကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ် တိုးတက်မှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ယူအေအီးပြည်ပကုန်သွယ်ရေးဝန်ကြီး H.E. Dr. Thani bin Ahmed Al Zeyoudi သည် အာဆီယံ သံအမတ်ကြီးများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။



