(၁၃-၁၁-၂၀၂၆၊ လန်ဒန်)
မြန်မာသံရုံး၊ လန်ဒန်မြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ် ဦးဝင်းဇေယျာထွန်းသည် လန်ဒန်မြို့ရှိ ASIA House ၌ ၂၆-၁၀-၂၀၂၆ ရက်နေ့က ပြုလုပ်သည့် “The impact of the West Asia War on Asian Economies and the Future of UK-Asia Business” ဆွေးနွေးပွဲတွင် ဆွေးနွေးသူအဖြစ် ပါဝင်ဆွေးနွေးခဲ့သည်။ ဆွေးနွေးရာတွင် အရှေ့အလယ်ပိုင်းဒေသ၌ နိုင်ငံရေးနှင့် စစ်ရေးအရ တင်းမာမှုများကြောင့် ကမ္ဘာ့စွမ်းအင်လုံခြုံရေး ထိခိုက်လာရာမှ ကမ္ဘာနိုင်ငံများ၏ စွမ်းအင်လုံခြုံရေးဆိုင်ရာ မူဝါဒများပြောင်းလဲလာမှု၊ ကမ္ဘာ့နိုင်ငံများအနေဖြင့် ရေရှည်ခိုင်မာသည့် စွမ်းအင်ထောက်ပံ့သူများကို ရှာဖွေလာမှုသည် နိုင်ငံများ၏ နိုင်ငံရေးနှင့် စစ်ရေးမူဝါဒများကို ပုံဖော်လာမှု၊ ဆိုလာ၊ လေအား၊ ရေအား၊ မြေအောင်းအပူ (Geothermal) အပါအဝင် ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များကို ဦးစားပေးလာမှု၊ သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှုကြောင့် တစ်ချိန်က စွန့်လွှတ်ထားခဲ့သည့် နျူကလီးယားစွမ်းအင်ထုတ်လုပ်ရေးကို ပြန်လည်စဉ်းစားလာကြမှု စသည့်အချက်များပါဝင်ခဲ့သည်။


