မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင်က Local Organizing Committee of the WMAC Daegu 2026 အတွင်းရေးမှူးချုပ်ကို လက်ခံတွေ့ဆုံ

(၂၂-၄-၂၀၂၆ ရက်၊ ဆိုးလ်)

မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ၂၁-၄-၂၀၂၆ ရက်နေ့၊ နေ့လယ်ပိုင်း၌ Local Organizing Committee of the World Masters Athletics Championships Daegu 2026 ၏ အတွင်းရေးမှူးချုပ် Mr. Chin Ki-Hoon နှင့်အဖွဲ့ကို လက်ခံ တွေ့ဆုံခဲ့ပါသည်။ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်မှ စက်တင်ဘာလ ၃ ရက်နေ့အထိ ကိုရီးယား သမ္မတနိုင်ငံ၊ ဒယ်ဂူးမြို့၌ ကျင်းပမည့် World Masters Athletics Championships Daegu ကို အားကစား အမျိုးအစားပေါင်း (၃၄)မျိုးဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း၊ အသက် ၃၅ နှစ်နှင့် အထက် မည်သူမဆိုပါဝင်ယှဉ်ပြိုင်နိုင်ပြီး မြန်မာနိုင်ငံသားများ ပါဝင်ယှဉ်ပြိုင်စေလိုကြောင်းနှင့် အဆိုပါပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ရန် အမည်စာရင်းပေးပို့သူများအတွက် ‌promotion လက်ဆောင်ပစ္စည်းများ ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားကျင်းပမည့် နေ့ရက်များတွင် ဒယ်ဂူးမြို့အတွင်း သွားလာရေးအဆင်ပြေစေရန် စီစဉ်ထားမှာဖြစ်သည့်အတွက် ဒယ်ဂူးမြို့သို့ လာရောက်လည်ပတ်လိုသူများအတွက်လည်း အချိန်အခါကောင်း ဖြစ်သည်ကိုလည်း သိရှိရပါသည်။