( ၁၇-၃-၂၀၂၃ ရက်၊ ဘာလင်)
မြန်မာသံရုံး၊ ဘာလင်မြို့မှ သံရုံးယာယီတာဝန်ခံ ဦးကျော်ထင်လင်း သည် ၂၀၂၃ ခုနှစ်၊ မတ်လ ၁၇ ရက်၊ ၁၀၀၀ နာရီတွင် ထိုင်းနိုင်ငံသံရုံး၌ ကျင်းပသည့် ဘာလင်-အာဆီယံကော်မတီ (Berlin ASEAN Committee – BAC) အစည်းအဝေးသို့ ဘာလင်မြို့အခြေစိုက် အာဆီယံသံရုံးအကြီးအကဲများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ဘာလင်-အာဆီယံကော်မတီ၏ လက်ရှိအလှည့်ကျဥက္ကဋ္ဌ ဖြစ်သူ ထိုင်းနိုင်ငံ သံအမတ်ကြီးက အသစ်ရောက်ရှိလာသည့် မလေးရှားနိုင်ငံ သံအမတ်ကြီးနှင့် ဖိလစ်ပိုင်နိုင်ငံ သံအမတ်ကြီးတို့အား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား၍ ၎င်းတာဝန်ယူစဉ်ကာလတွင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့် ကိစ္စရပ်များ၊ ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် ကိစ္စရပ်များ၊ ဂျာမနီနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနများ၊ အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို တက်ရောက်လာသည့် သံရုံးအကြီးအကဲများနှင့်အတူ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။



