ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးက ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး(Ambassador-designate) H.E. Mrs. Thitiporn Chirasawadi အား လက်ခံတွေ့ဆုံ

(၉-၁၀-၂၀၂၅ ရက်၊ ဒါကာ)

မြန်မာသံရုံး၊ ဒါကာမြို့မှ သံအမတ်ကြီး ဦးကျော်စိုးမိုးသည် ၉-၁၀-၂၀၂၅ ရက်၊ ၁၄:၀၀ နာရီတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး (Ambassador-designate) H.E. Mrs. Thitiporn Chirasawadi အား မြန်မာသံရုံး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ယင်းသို့တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နိုင်ငံရေးအခြေအနေများနှင့်စပ်လျဉ်း၍ ချစ်ကြည် ရင်းနှီးစွာ အမြင်ချင်းဖလှယ်ခဲ့ကြပြီး သံအမတ်ကြီးက မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေမှုများကို အသိပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။