(၉-၉-၂၀၂၆၊ ဗီယင်နာ)
ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများ၏ ရိုးရာအစားအသောက်နှင့် ယဉ်ကျေးမှုဧည့်ခံဖျော်ဖြေပွဲကို “Tasting the Bay: Heritage & Harmony in Every Bite” ခေါင်းစဉ်ဖြင့် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံ သံရုံး/ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးများ နှင့် Diplomatic Society Magazine တို့ပူးပေါင်းလျက် ၉-၉-၂၀၂၆ ရက်တွင် ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ရှိ Grand Hotel ၌ ကျင်းပခဲ့ရာ မြန်မာသံရုံး/ အဖွဲ့ရုံးက ပါဝင်ဆင်နွှဲခဲ့သည်။
ရှေးဦးစွာ နီပေါနိုင်ငံ၌ ရေကြီးရေလျှံမှုနှင့် မြေပြိုခဲ့ခြင်းကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ အတွက် စာနာဝမ်းနည်းကြောင်းပြသသည့်အနေဖြင့် တစ်မိနစ်ခန့် ငြိမ်သက်ခြင်း၊ မြန်မာသံရုံး/ အဖွဲ့ရုံးယာယီတာဝန်ခံ ဦးအောင်ကိုမင်းက အခြား ဘင်းမ်စတက် သံရုံး/အဖွဲ့ရုံးများမှ သံရုံးအကြီးအကဲများနှင့်အတူ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခြင်း၊ ဩစတြီးယားနိုင်ငံ ဥရောပနှင့် နိုင်ငံတကာရေးရာဝန်ကြီးဌာန သံတမန်ရေးရာဒုတိယ အကြီးအကဲ Mr. Christoph Meyenburg နှင့် Society Magazine ထုတ်ဝေသူ Prof. Mag Gertrud Tauchhammer တို့က အမှာစကားပြောကြားခြင်းတို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့သည်။
ထို့နောက် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံ သံရုံး/အဖွဲ့ရုံးများ မှ ဝန်ထမ်းများနှင့် မိသားစုများက ရိုးရာအက၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ရိုးရာအစားအသောက်များဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။




