နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ ၏ ဖိတ်ကြားချက်အရ မေလ ၃၀ ရက် နံနက်ပိုင်းက အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် နေပြည်တော်လေဆိပ်မှ အထူးလေယာဥ်ဖြင့်ထွက်ခွာသွားခဲ့သည်။
ထိုနောက် နိုင်ငံတော်သမ္မတ၏ အထူးလေယာဥ်သည် အိန္ဒိယနိုင်ငံ၊ ဂါယာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ဆိုက်ရောက်ခဲ့ရာ ဘီဟာပြည်နယ်အုပ်ချုပ်ရေးမှူး Lt. Gen.(Retd) Syed Ata Hasnain နှင့်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဇော်ဦး၊ မြန်မာစစ်သံ(ကြည်းရေလေ) ဗိုလ်မှူးချုပ် ဇော်မိုးလွင်၊ မြန်မာကောင်စစ် ဝန်ချုပ်တို့က လေဆိပ်၌ လှိုက်လှဲနွေးထွေးစွာဖြင့် ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။




