ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ရုရှားနိုင်ငံပိုင် အာကာသကော်ပိုရေးရှင်း Roscosmos ၏ ညွှန်ကြားရေးမှူးချုပ် Mr. Dmitry Vladimirovich Bakanov က ယနေ့ ဩဂုတ် ၁၉ ရက်တွင် လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ်
- မြန်မာ–ရုရှားအကြား ကမ္ဘာမြေစောင့်ကြည့်လေ့လာရေး (ERS) ဂြိုဟ်တုဓာတ်ပုံဒေတာရယူရေး ပူးပေါင်းဆောင်ရွက်နေမှုများ၊
- အာကာသယာဉ်မှူး ရွေးချယ်လေ့ကျင့်ရေး၊ COSPAS-SARSAT၊ One Way Station နှင့် ASPOS စနစ်များ ပူးပေါင်းအကောင်အထည်ဖော်ရေး၊
- Rassvet အနိမ့်ပျံဆက်သွယ်ရေးဂြိုဟ်တုစနစ် နှင့် နာနိုဂြိုဟ်တုတည်ဆောက်လွှတ်တင်ရေးအပါအဝင် အာကာသနည်းပညာနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ရန် ဆွေးနွေးခဲ့ကြသည်။
**********
#Reference:PPIB







