(၁၀-၄-၂၀၂၆၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် နိုင်ငံတော်သမ္မတ ကတိသစ္စာပြုခြင်း နှင့် စတင်တာဝန်ထမ်းဆောင်ခြင်းအခမ်းအနားသို့ တက်ရောက်လာသည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စ မာကျားအား ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်၊ ညပိုင်းတွင် နေပြည်တော်ရှိ MGallery Hotel ၌ လက်ခံ တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေးနှင့် နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်များအပေါ် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။


