(၁၃-၁-၂၀၂၆ ရက်)
နိုင်ငံခြားရေးဝန်ကြီးဌာနတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေး ရာထူးနေရာအတွက် ရွေးချယ် ခန့်အပ်နိုင်ရန် ရေးဖြေစာမေးပွဲကို ၁၃-၁-၂၀၂၆ ရက်၊ အင်္ဂါနေ့ နံနက် ၁၀:၀၀ နာရီမှ ၁၃:၀၀ နာရီအထိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၉)၊ နေပြည်တော်ရှိ မဲခေါင်-လန်ချန်းခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါရေးဖြေစာမေးပွဲ ကျင်းပနေမှုနှင့် စာမေးပွဲဖြေဆိုမှုအခြေအနေများကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်ဦး သည် တာဝန်ရှိသူများနှင့်အတူ ကြည့်ရှု စစ်ဆေးပြီး စနစ်ကျအောင်မြင်စွာ ဖြေဆိုကြရန် ဖြေဆိုသူများကို အားပေးစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
ရေးဖြေစာမေးပွဲဖြေဆိုအောင်မြင်သူများအား လူတွေ့စစ်ဆေးခြင်းနှင့် စိတ်အခြေအနေစစ်ဆေးခြင်း တို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။



