နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီးကို လက်ခံတွေ့ဆုံ

(၉-၁-၂၀၂၆ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းသည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ တာရိခ် ကာရီးမ် အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်၊ ၀၉၃၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-ပါကစ္စတန် နှစ်နိုင်ငံအကြား ရှိရင်းစွဲနှစ်နိုင်ငံဆက်ဆံရေးနှင့် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။