ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးမှ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှပစိဖိတ်နှင့် အာဖရိကရေးရာ ဒုတိယဝန်ကြီး H.E. Mr. Santo Darmosumarto နှင့် အလုပ်သဘောနေ့လယ်စာစားပွဲ တက်ရောက်ခဲ့ခြင်း

(၈-၁၁-၂၀၂၆၊ ဗန်ကောက်)

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ထိုင်းနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီး H.E. Mr. Hari Prabowo ၏ ဖိတ်ကြားချက်အရ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှပစိဖိတ်နှင့် အာဖရိကရေးရာ ဒုတိယဝန်ကြီး H.E. Mr. Santo Darmosumarto နှင့်အတူ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် Okura Prestige Bangkok ဟိုတယ်၊ Yamazato စားသောက်ဆိုင်၌ ပြုလုပ်သည့် အလုပ်သဘော နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့သည်။

အလုပ်သဘော နေ့လယ်စာစားပွဲ၌ မြန်မာ-အင်ဒိုနီးရှား နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆက်ဆံရေး ပိုမိုခိုင်မာအားကောင်းလာစေရေး၊ စီးပွားဆက်ဆံရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ် တိုးချဲ့နိုင်မည့် အလားအလာများအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးနှင့် အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းစဉ်များအပေါ် အင်ဒိုနီးရှားနိုင်ငံမှ ကူညီပံ့ပိုးပေးရန်နှင့် အာဆီယံမျက်နှာစာတွင်လည်း မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ အာဆီယံထုတ်ပြန်ချက် (၅) ရပ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များအပေါ် အသိအမှတ်ပြုပြီး အပြုသဘော ပူးပေါင်းဆောင်ရွက်မှုများအတွက် ထောက်ခံပံ့ပိုးပေးသွားမည့် အခြေအနေများ၊ မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်ဖြင့် အာဆီယံတွင် မြန်မာနိုင်ငံ၏ အခန်းကဏ္ဍမြှင့်တင်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများအား အပြန်အလှန် ဆွေးနွေးပြောကြားခဲ့သည်။