တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ခြင်း ၇၇ နှစ်မြောက် အထိမ်းအမှတ် အလံတင်အခမ်းအနားနှင့် အမျိုးသားနေ့ဧည့်ခံပွဲသို့ မြန်မာကောင်စစ်ဝန်ချုပ် ပါဝင်တက်ရောက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ခြင်း ၇၇ နှစ်မြောက် အထိမ်းအမှတ် အလံတင် အခမ်းအနားကို ၁-၁၀-၂၀၂၆ ရက်၊ ၀၈၀၀ နာရီတွင် Golden Bauhinia Square ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ဖူးပွင့်ကိုကို ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါ အလံတင်အခမ်းအနားသို့ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူး The Hon. Mr. John Lee Ka-chiu နှင့်ဇနီး၊ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသရှိ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကော်မရှင်နာ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ၊ ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များ၊ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

အလံတင်အခမ်းအနားပြီးနောက် အမျိုးသားနေ့ဧည့်ခံပွဲကို ဟောင်ကောင်ကွန်ဗင်းရှင်းနှင့် ပြပွဲဗဟိုဌာန၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူး The Hon. Mr. John Lee Ka-chiu က မိန့်ခွန်းပြောကြားခဲ့ပြီး တက်ရောက်လာသော ဧည့်သည်တော်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။

မြန်မာကောင်စစ်ဝန်ချုပ်ရုံး

ဟောင်ကောင်မြို့

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်