ဆားဘီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး/သံရုံးယာယီတာဝန်ခံ ဦးကျော်ထွန်းသည် ဆားဘီးယားအမျိုးသားလွှတ်တော်၊ အာဆီယံနိုင်ငံများဆိုင်ရာ လွှတ်တော်ချစ်ကြည်ရေးအဖွဲ့၊ ဥက္ကဌ Mr. Miroslav Petrasinovic ၏ ဖိတ်ကြားချက်အရ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂ ရက် နံနက် ၁၁:၀၀ နာရီအချိန်တွင် ဆားဘီးယားအမျိုးသားလွှတ်တော်သို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှုတွင် နှစ်နိုင်ငံအကြားရှိ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး ပိုမိုခိုင်မာစေရေး၊ စီးပွားရေးနှင့် စိုက်ပျိုးရေးနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်သွားရေး၊ လွှတ်တော်နှစ်ရပ်အကြား ချစ်ကြည်ရေးအဖွဲ့ ဖွဲ့စည်းသွားရေး၊ မြန်မာနိုင်ငံတွင် နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု ကိစ္စရပ်များနှင့် အထွေထွေရွေးကောက်ပွဲကြီးကျင်းပရန် ပြင်ဆင်နေမှုများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
ဆားဘီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး/သံရုံးယာယီတာဝန်ခံက ဆားဘီးယားအမျိုးသားလွှတ်တော်၊ အာဆီယံနိုင်ငံများဆိုင်ရာ လွှတ်တော်ချစ်ကြည်ရေးအဖွဲ့၊ ဥက္ကဌအား သွားရောက်တွေ့ဆုံ (၂-၁၀-၂၀၂၅ ရက်)

