ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်နှင့် ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီးတို့ တွေ့ဆုံခဲ့ခြင်း

(၈-၁၁-၂၀၂၆၊ ကူမင်း)

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့၏ ကောင်စစ်ဝန်ချုပ် ဦးဇေယျာမျိုးမြင့်အား ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ လက်ထောက်ဝန်ကြီး H.E. Mr. TY Nitor က ကူမင်းမြို့၌ ကျင်းပသည့် ပထမအကြိမ် ကမ္ဘောဒီးယားကူးသန်းရောင်းဝယ်ရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ရက်သတ္တပတ်အခမ်းအနားသို့ တက်ရောက်ရန် ကူမင်းမြို့သို့ ရောက်ရှိစဉ် ၈-၁၁-၂၀၂၆ ရက် တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ လာရောက်တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-တရုတ်-ကမ္ဘောဒီးယား သုံးနိုင်ငံ ပူးပေါင်းပြီး ခရီးသွားလာရေးလမ်းကြောင်းများ ရေးဆွဲနိုင်ရေးကိစ္စ၊ နှစ်နိုင်ငံအကြား စိုက်ပျိုးရေးကဏ္ဍ၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍတို့တွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကဏ္ဍ ပိုမိုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။