ကမ္ဘာ့ဝတ်စားဆင်ယင်မှုပြပွဲတွင် ခေတ် (၄) ခေတ်၏ မြန်မာ့ရိုးရာဝတ်စုံများအား တင်ဆက်ပြသ (၂၃-၉-၂၀၂၅ ရက်)

(၂၃-၉-၂၀၂၅ ရက်၊ ဗီယင်နာ)

ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် International Cultural Diversity Organization (ICDO) က ကြီးမှူး၍ ကမ္ဘာ့ဝတ်စားဆင်ယင်မှုပြပွဲ (Costumes of the World Show) ကို ၂၃-၉-၂၀၂၄ ရက်တွင် ဗီယင်နာ မြို့တော်ခန်းမ (Festsaal Rathaus) ၌ ကျင်းပခဲ့ရာ ဗီယင်နာပြည်နယ် လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့တော်ကောင်စီအဖွဲ့ဝင်များဖြစ်သော Mr. Alexander Ackerl နှင့် Ms. Aslihan Bozatemur၊ ဝတ်စားဆင်ယင်မှုတင်ဆက်သည့် နိုင်ငံများမှ မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းနှင့် အခြားသံအမတ်ကြီးများ၊ ယဉ်ကျေးမှုသံအရာရှိများနှင့် ပရိသတ် ရာပေါင်းများစွာ တက်ရောက်အားပေးခဲ့ကြပါသည်။

အဆိုပါဝတ်စားဆင်ယင်မှုပြပွဲတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၉ နိုင်ငံက ၎င်းတို့၏ ရိုးရာဝတ်စားဆင်ယင်မှုများ၊ ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ပြသခဲ့ကြပြီး၊ မြန်မာသံရုံး၊ ဗီယင်နာမြို့က ပုဂံခေတ်၊ အင်းဝခေတ်၊ ကိုလိုနီခေတ်အလွန်နှင့် မျက်မှောက်ခေတ်တို့၏ မြန်မာ့ ရိုးရာဝတ်စုံများဖြင့် တင်ဆက်ပြသခဲ့ကြောင်း သိရှိရပါသည်။