ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီမှ ASEAN Family Day ကြီးမှူးကျင်းပ (၂၂-၁၁-၂၀၂၂ရက်)

(၂၂၁၁၂၀၂၂ ရက်၊ ကင်ဘာရာ)

ကင်ဘာရာမြို့အခြေစိုက် အာဆီယံကင်ဘာရာကော်မတီ (ASEAN Committee in Canberra-ACC) အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကမ္ဘောဒီးယား သံရုံးက ဦးစီး၍ ကင်ဘာရာမြို့အခြေစိုက် ACC အဖွဲ့ဝင်နိုင်ငံများသည် ASEAN Family Day အား Lennox Garden တွင် ၂၀၂၂ ခုနှစ်၊ ၁၉၁၁၂၀၂၂ ရက်၊(၀၉၃၀) နာရီမှ (၁၃၀၀) နာရီအထိ ကျင်းပခဲ့ပါသည်။

‌ASEAN Family Day အခမ်းအနားသို့ ဩစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ အရှေ့တောင်အာရှဒေသဆိုင်ရာ တာဝန်ရှိသူများ၊ ကင်ဘာရာမြို့အခြေစိုက် အာဆီယံ အဖွဲ့ဝင်နိုင်ငံ (၁၀) နိုင်ငံလုံးမှ သံရုံးအကြီးအကဲများ၊ သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များအားလုံး စည်ကား သိုက်မြိုက်စွာ တက်ရောက်ခဲ့ပြီး၊ နိုင်ငံအလိုက် စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ ဦးသက်ထွန်းဦးဆောင်၍ သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များ အားလုံး တက်ရောက်ခဲ့ပြီး၊ စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ကာ အားကစားပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရပါသည်။