အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာရောက်သည့် သတင်းထုတ်ပြန်ချက်များကို ကန့်ကွက်ပယ်ချခြင်း
မြန်မာနိုင်ငံတွင် တပ်မတော်မှ နိုင်ငံတော်တာဝန်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွှဲပြောင်း ရယူခဲ့သည့် တစ်နှစ်ပြည့်မြောက်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် တာဝန်ရှိသူများအပါအဝင် နိုင်ငံနှင့် အဖွဲ့အစည်းအချို့က ထုတ်ပြန်ကြေညာချက်များကို ပြုလုပ်ခဲ့သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ဗြိတိန်နိုင်ငံ၏ တောင်းဆိုချက်ဖြင့် မြန်မာနိုင်ငံဆိုင်ရာ တံခါးပိတ်ဆွေးနွေးပွဲတစ်ရပ်ကို ၂၈-၁-၂၀၂၂…

