နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်သည် နန်နင်းမြို့ရှိ ကွမ်ရှီးဆေးတက္ကသိုလ်၊ အမှတ်(၁) တွဲဖက်ဆေးရုံနှင့် Shenzhen Mindray Bio-Medical Electronics Co., Ltd. တို့မှ မြန်မာနိုင်ငံသို့ လှူဒါန်းမည့် ကိုဗစ်ရောဂါ ကာကွယ်ရေးပစ္စည်းများနှင့် ICU သုံး အသက်ရှူစက်နှင့် ဆက်စပ်ပစ္စည်းများကို ပို့ဆောင်ရန်ဆွေးနွေးညှိနှိုင်း

(၉-၁၂-၂၀၂၁ ရက်၊ နန်နင်းမြို့)

၁။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၊ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်းသည် နန်နင်းမြို့ရှိ ကွမ်ရှီးဆေးတက္ကသိုလ်၊ အမှတ် (၁) တွဲဖက်ဆေးရုံမှ ဆေးရုံအုပ်ကြီး Professor Chen Junqiang  ထံသို့ ၈-၁၂-၂၀၂၁ ရက်နေ့၊ နေ့လယ် (၁၅၃၀)နာရီတွင် သွားရောက်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံသို့ အမှတ် (၁) တွဲဖက်ဆေးရုံမှ လှူဒါန်းမည့် ယွမ် (၄၉၃,၀၇၁) တန်ဖိုးရှိ ကိုဗစ်ရောဂါကာကွယ်ရေးပစ္စည်းများနှင့် ရှန်းကျန့်မြို့ အခြေစိုက် Shenzhen Mindray  Bio-Medical Electronics Co., Ltd. မှ လှူဒါန်းမည့် ယွမ် (၁) သန်းတန်ဖိုးရှိ ICU သုံး အသက်ရှူစက်နှင့်ဆက်စပ်ပစ္စည်းများကို ၎င်းတို့၏ စရိတ်ကျခံမှုဖြင့် ပို့ဆောင်မည့်ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။

၂။ ထို့နောက် ကွမ်ရှီးဆေးတက္ကသိုလ်၊ အမှတ်(၁)တွဲဖက်ဆေးရုံနှင့် Shenzhen Mindray Bio-Medical Electronics Co., Ltd. တို့မှ မြန်မာနိုင်ငံသို့ လှူဒါန်မည့် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများနှင့် ICU သုံးစက်ကိရိယာများကို ကောင်စစ်ဝန်ချုပ်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး၊ အဆိုပါပစ္စည်းများကို မြန်မာနိုင်ငံသို့ ပို့ဆောင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။