(၂၃-၇-၂၀၂၅ ရက်၊ ဆိုးလ်)
ကိုရီးယားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံရှိ သီလဝါအထူးစီးပွားရေးဇုန်တွင် လာရောက်ရင်းနှီးမြှုပ်နှံ၍ YOJIN MYANMAR CEMENT CO., LTD အမည်ရှိသည့် ဘိလပ်မြေစက်ရုံ ဖွင့်လှစ်ထားသော YOJIN Construction & Engineering Co., Ltd. သည် နေပြည်တော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနရှိ ငလျင်ကြောင့် ပျက်စီးသွားသည့် အဆောက်အဦများ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ဘိလပ်မြေအိတ် ၂,၀၀၀ ကို လှုဒါန်းခဲ့ပါသည်။ ယင်းသို့ လှုဒါန်းမှုအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက လက်မှတ်ရေးထိုးပေးပို့လာသော ဂုဏ်ပြုမှတ်တမ်းလွှာကို မြန်မာသံအမတ်ကြီး ဦးသန့်စင်က YOJIN Construction & Engineering Co., Ltd. ၏ ဒုတိယဥက္ကဋ္ဌ Mr. Choi Eun Sang အား ၂၃-၇-၂၀၂၅ ရက်နေ့တွင် မြန်မာသံရုံး၊ ဆိုးလ်မြို့၌ ပေးအပ်ခဲ့ပြီး ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ YOJIN Construction & Engineering Co., Ltd. ကလည်း ယခုကဲ့သို့ အသိအမှတ်ပြု မှုကို ကျေးဇူးတင်ရှိကာ မြန်မာနိုင်ငံအကျိုးစီးပွားအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်ဟု သိရှိရပါသည်။

