World MSME Day 2025 အခမ်းအနားသို့ သံအမတ်ကြီး ဦးဇော်ဦး ပါဝင်တက်ရောက် (၂၇-၆-၂၀၂၅)

 (၂၇-၆-၂၀၂၅၊ နယူးဒေလီ)
 World MSME Day 2025 အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၇ရက်၊ နံနက် ၁၀ နာရီ တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ အခမ်းအနားများကျင်းပပြုလုပ်ရာစင်တာတစ်ခု ဖြစ်သည့် Pragati Maidan ၊ ခန်းမအမှတ် (၁၉) တွင် ကျင်းပပြုလုပ်ခဲ့ရာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးဦးဇော်ဦးသည် ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် ပါဝင်တက်ရောက်ခဲ့ ပါသည်။
 အဆိုပါ အခမ်းအနားကို အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ အတွက်ကမ္ဘာ့အဖွဲ့အစည်း (World Association for Small and Medium Enterprises – WASME) ကကြီးမှူး၍ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အခမ်းအနားတွင် WASME အသင်းမှ ကျွမ်းကျင် သူပညာရှင်များနှင့်ကုန်သည်လုပ်ငန်းရှင်များက MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍ အလိုက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ ထို့နောက် WASME ၏ အမှုဆောင်အတွင်းရေးမှူးက ၂၀၂၅ ခုနှစ်အတွင်း MSME လုပ်ငန်းများမှ သက်ဆိုင်ရာကဏ္ဍအလိုက်ထူးချွန်သည့် လုပ်ငန်းရှင် များအား ဆုများချီးမြှင့်ပေးခဲ့ကြပါသည်။ အခမ်းအနားသို့ ဖိတ်ကြားထားသော နိုင်ငံအသီးသီးမှ သံအမတ်ကြီးများ၊ သံတမန်များနှင့် ကုန်သည်လုပ်ငန်းရှင်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
*********************