The 26th International High School Arts Festival Awards Ceremony သို့ မြန်မာသံအမတ်ကြီး တက်ရောက်(၆-၈-၂၀၂၅ ရက်)

(၆-၈-၂၀၂၅ ရက်၊ တိုကျို)

The International Foundation for Arts and Culture (IFAC) မှ ကြီးမှူးကျင်းပသည့် (၂၆) ကြိမ်မြောက် International High School Arts Festival Awards Ceremony ဆုပေးပွဲ အခမ်းအနားကို ၆-၈-၂၀၂၅ ရက်နေ့တွင် တိုကျိုမြို့ရှိ The Ritz-Carlton Hotel ၌ ကျင်းပခဲ့ပါသည်။ အဆိုပါ ဆုပေးပွဲအခမ်းအနားသို့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၁၃) နိုင်ငံမှ ဆုရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၊ တိုကျိုမြို့ အခြေစိုက် သံရုံးအသီးသီးမှ သံရုံးအကြီးအကဲများ၊ သံတမန်များ တက်ရောက်ခဲ့ပြီး၊ မြန်မာသံအမတ်ကြီး ဦးစိုးဟန် လည်း ပါဝင်တက်ရောက်ခဲ့ပါသည်။ International High School Arts Festival သည် အထက်တန်းအဆင့် ကျောင်းသားများ၏ ပန်းချီကားများကို လက်ခံပြသသည့် ဂျပန်နိုင်ငံ၏ တစ်ခုတည်းသော အမျိုးသားအနုပညာ ပြပွဲဖြစ်ပါသည်။ ယခုနှစ်အတွက် ဆုရရှိခဲ့ကြသည့် ဂျပန်နိုင်ငံမှ ကျောင်းသူ၊ ကျောင်းသားများအား IFAC ၏ ဥက္ကဌ Dr.Haruhisa Handa နှင့် တာဝန်ရှိပုဂ္ဂိုလ်များမှ လည်းကောင်း၊ ပြည်ပနိုင်ငံ (၁၂) နိုင်ငံမှ ဆုရကျောင်းသူ၊ ကျောင်းသားများအား သက်ဆိုင်ရာ သံရုံးအကြီးအကဲနှင့် သံရုံးတာဝန်ရှိသူများမှ လည်းကောင်း ဆုများချီးမြှင့် ပေးအပ်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ ပန်းချီကဏ္ဍတွင် ဆုရရှိခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်း‌ကျောင်းမှ (Grade-11) ကျောင်းသား မောင်ဆန်းထွဋ်အောင် အား သံအမတ်ကြီး ဦးစိုးဟန်မှ Special Prize to the International Artists ဆုကို IFAC ကိုယ်စား ချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။