State Counsellor returns to Nay Pyi Taw from Mekong-ROK Summit

State Counsellor Daw Aung San Suu Kyi attended the First Mekong-ROK Summit in Busan, South Korea, yesterday.

At 10 am local standard time, the State Counsellor was cordially welcomed by South Korean President Mr Moon Jae-in at Nurimaru APEC House in Busan. She then took a documentary photo with the President and high-level government leaders of the Mekong nations.

During the summit, the State Counsellor talked about the success of the Mekong-ROK cooperation initiated in 2011 and the benefits it brought to the people in the Mekong region.

She said it was due to the importance placed by the leaders on Mekong-ROK cooperation that a summit could finally be held.

The State Counsellor said ROK’s New Southern Policy, ASEAN-ROK cooperation and the Mekong-ROK cooperation are supportive towards one another and assist in the establishment of peaceful people-centered societies in the region. She said as the protection of all lifeforms and preservation of the natural environment is important for all nations and proposed that Myanmar be allowed to serve as the host country for the establishment of the ‘Mekong-ROK Cooperation Biodiversity Protection Center’. She also expressed gratitude to ROK for funding projects conducted in Myanmar under the Mekong-ROK cooperation.

During the summit, the ROK President and Thai Prime Minister General (Retd) Prayut Chan-o-cha acted as joint-panel chairs while Cambodian Deputy Prime Minister and Foreign Minister Mr Prak Sokhonn, Laotian Prime Minister Mr Thongloun Sisoulith, and Vietnamese Prime Minister Mr Nguyen Xuan Phuc discussed on future cooperation of Mekong-ROK.
The ‘Mekong-Han River Declaration’ was also made at the summit. The Mekong-Han River Declaration for Establishing Partnership for People, Prosperity and Peace lays out cooperation plans under seven categories: agriculture and farming development, infrastructure, information and communications technology (ICT), culture and tourism, investment in human capital, environment and non-traditional security challenges.
Next, the State Counsellor observed an exhibition on Mekong-ROK protection of biodiversity.

From there, she went to Sasang District and met with Myanmar citizens staying in ROK. She instructed them to work to gain the respect of the host nation, to support fellow citizens working abroad, and how the Myanmar Embassy will put more emphasis on its citizens.
The State Counsellor then replied to questions on appointing another labour attache, developing the education sector, making payments of work insurance and remittance back to Myanmar easier.

At 3:30 p.m. local standard time, the State Counsellor departed by special flight from Busan to Nay Pyi Taw. She was seen off at Gimhae Airport by ROK Foreign Minister Mr Lee Tae Ho and officials, Myanmar Ambassador U Thant Sin and wife Dr Nan Myat Soe, ROK Ambassador to Myanmar Mr Lee Sang-hwa, Myanmar Embassy families and an ROK Guard of Honor.

The State Counsellor landed in Nay Pyi Taw in the evening and was welcomed at the Nay Pyi Taw International Airport by Union Minister U Kyaw Tint Swe, Deputy Minister U Tin Myint, Chief of Myanmar Police Force Police Lt-Gen Aung Win Oo, ROK’s Deputy Chief of Mission Mr Jung Yung Soo, and other officials.

Returning with the State Counsellor from ROK were Union Ministers Dr Aung Thu and U Kyaw Tin, Deputy Minister Dr Min Ye Paing Hein, Nay Pyi Taw City Development Committee Deputy Mayor U Ye Min Oo and other officials.

In addition, Union Minister U Min Thu and his delegation, who were attending the second Ministerial Roundtable on Public Service Innovation and Exhibition, returned to Nay Pyi Taw together with the State Counsellor.

Ref; The Global New Light of Myanmar

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အာဆီယံ-ကိုရီးယား ဆွေးနွေးဖက်ဆက်ဆံရေး နှစ်(၃၀)ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးနှင့် ပထမအကြိမ် မဲခေါင်-ကိုရီးယား ထိပ်သီးအစည်းအဝေး တက်ရောက်သည့်ခရီးစဉ် (စတုတ္ထနေ့)

(၂၇-၁၁-၂၀၁၉ ရက်၊ နေပြည်တော်)

ကိုရီးယားသမ္မတနိုင်ငံ၊ ဘူဆန်မြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ၂၇-၁၁-၂၀၁၉ ရက်၊ ဒေသစံတော်ချိန် နံနက် ၁၀ဝ၀ နာရီတွင် ပထမအကြိမ် မဲခေါင်-ကိုရီးယားထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ဘူဆန်မြို့ရှိ Nurimaru APEC House သို့ရောက်ရှိရာ ကိုရီးယားနိုင်ငံသမ္မတ မစ္စတာမွန်ဂျေအင်းက ခင်မင်ရင်းနှီးစွာ ကြိုဆို နှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပထမအကြိမ် မဲခေါင်-ကိုရီးယား ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ပြီး ၂၀၁၁ ခုနှစ်က စတင်ခဲ့သည့် မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုမှာ အောင်မြင်မှုများရရှိခဲ့ပြီး မဲခေါင်ဒေသ ပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေခဲ့ပါကြောင်း၊ မဲခေါင်- ကိုရီးယားပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းစဉ်များအား ထိပ်သီးအစည်းအဝေးအဆင့်သို့ မြှင့်တင်နိုင်ခြင်းသည် မဲခေါင်-ကိုရီးယား နိုင်ငံခေါင်းဆောင်များ၏ မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုအပေါ် အလေးအနက်ထားမှုအား ပြသခြင်းဖြစ်ပါကြောင်း၊ ကိုရီးယားနိုင်ငံ၏ New Southern Policy၊ အာဆီယံ-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုနှင့် မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုတို့သည် တစ်ခုနှင့်တစ်ခု အပြန်အလှန် အထောက်အကူပြုနေသည့် အတွက် ဒေသတွင်း၌ ငြိမ်းချမ်းသာယာသော ပြည်သူ့အခြေပြု လူမှုအသိုက်အဝန်းများ ထူထောင်ရေးအပေါ် များစွာအကျိုးကျေးဇူး ဖြစ်ထွန်းစေပါကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသည် နိုင်ငံများအားလုံးအတွက် အလွန်အရေးကြီးသော လုပ်ငန်းဖြစ်သည့်အားလျော်စွာ “မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းစောင့်ရှောက်ရေးစင်တာ” ကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံတည်ထောင်ရန် အဆိုပြုလိုပါကြောင်း၊ မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုအရ မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများအား ကိုရီးယားသမ္မတနိုင်ငံမှ ရန်ပုံငွေ ထောက်ပံ့ခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း ဆွေးနွေးပြောကြားသည်။

ထိပ်သီးအစည်းအဝေးတွင် ကိုရီးယားသမ္မတနိုင်ငံသမ္မတ မစ္စတာမွန်ဂျေအင်း၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး(ငြိမ်း) ပရာယုဒ် ချန်အိုချာတို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ကြပြီး ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာပရတ်ဆိုခွန်း၊ လာအိုပြည်သူ့ဒီမိုကရက်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ထောင်လွန်းဆီဆုလစ်၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖု တို့တက်ရောက်ကာ မဲခေါင်-ကိုရီးယား အနာဂတ် ပူးပေါင်းဆောင်ရွက်မှုများ ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားကြသည်။

အဆိုပါ ထိပ်သီးအစည်းအဝေးတွင် “မဲခေါင်မြစ်နှင့် ဟန်မြစ်ကြေညာချက်” “Mekong – Han River Declaration” ကို ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းကြေညာချက်အရ မဲခေါင်နိုင်ငံများနှင့် ကိုရီးယားနိုင်ငံတို့သည် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ သတင်းအချက်အလက် နည်းပညာ၊ အခြေခံအဆောက်အအုံ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာနှင့် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မဲခေါင်-ကိုရီးယား ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းစောင့်ရှောက်မှု ဆိုင်ရာ ပြပွဲ၌ ပြသထားမှုများအား ကြည့်ရှုသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဘူဆန်မြို့ ဆာစန်းခရိုင်ခန်းမ၌ ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာနိုင်ငံသားများအနေဖြင့် အိမ်ရှင်နိုင်ငံသားများ၏ လေးစားမှုရှိအောင် နေထိုင်လုပ်ကိုင်ကြရန်လိုကြောင်း၊ ပြည်ပရောက် နိုင်ငံသားများအချင်းချင်း အပြန်အလှန် ရိုင်းပင်းကူညီ စောင့်ရှောက်ရန်လိုကြောင်းနှင့် မြန်မာသံရုံးအနေဖြင့်လည်း မိမိနိုင်ငံသားများ၏ အရေးကိစ္စများကို ပိုမိုအလေးထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ မေးမြန်းသည့် ကိုရီးယားနိုင်ငံ၌ မြန်မာအလုပ်သမားသံအရာရှိ တစ်ဦး ထပ်မံခန့်ထားပေးရေးကိစ္စ၊ ပညာရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်သမား အာမခံကြေးများ ပြန်လည်ထုတ်ယူရာတွင် ပိုမိုလွယ်ကူ အဆင်ပြေချောမွေ့စေရေးနှင့် မြန်မာနိုင်ငံသို့ ငွေလွဲပို့ရာတွင် ပိုမိုလွယ်ကူမြန်ဆန်ရေးကိစ္စရပ်များ စပ်လျဉ်းသည့် မေးခွန်းများအား ပြန်လည်ရှင်းလင်းပြောကြားပြီး နိဂုံးချုပ် အမှာစကားပြောကြားသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေသစံတော်ချိန် ညနေ၃နာရီခွဲတွင် ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှ နေပြည်တော်သို့ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာကြရာ ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Lee Tae Ho နှင့် တာဝန်ရှိသူများ၊ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်နှင့် ဇနီး ဒေါက်တာနန်းမြတ်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး မစ္စတာလီဆန်းဟွာ၊ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ မိသားစုများက ကိုရီးယားဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ဘူဆန်မြို့ Gimhae လေတပ်ဌာနချုပ်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် နေပြည်တော်သို့ ညပိုင်းတွင် ပြန်လည်ရောက်ရှိရာ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒုတိယဝန်ကြီး ဦးတင်မြင့်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးမှ သံမှူးကြီး Mr. JUNG Yung Sooနှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ အဖွဲ့ဝင်များအဖြစ် လိုက်ပါခဲ့ကြသည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဦးကျော်တင်၊ ဒုတိယဝန်ကြီး ဒေါက်တာ မင်းရဲပိုင်ဟိန်း၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလည်း ပြန်လည်လိုက်ပါလာကြပြီး ကိုရီးယားသမ္မတနိုင်ငံ ဘူဆန်မြို့တွင် ကျင်းပသည့် ဒုတိယအကြိမ် အာဆီယံ-ကိုရီးယား ပြည်သူ့ဝန်ဆောင်မှု တီထွင်ပြောင်းလဲရေးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးနှင့် ပြပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည့် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့် အဖွဲ့လည်း ပြန်လည်လိုက်ပါ လာကြသည်။