State Counsellor receives ASEAN SG

Daw Aung San Suu Kyi, State Counsellor of the Republic of the Union of Myanmar, received Dato Lim Jock Hoi, Secretary-General of ASEAN, at her residence in Nay Pyi Taw at 8:45 am on 4 October 2019.

During the meeting, they exchanged views on the recent developments in Rakhine State and on the possible areas of collaboration between Myanmar and ASEAN as well as the implementation of the recommendations of Preliminary Needs Assessment conducted by the ASEAN Emergency Response and Assessment Team (ASEAN ERAT) to identify possible areas of cooperation between Myanmar and ASEAN to facilitate the repatriation process.

Present at the meeting were Dr Win Myat Aye, Union Minister for Social Welfare, Relief and Resettlement, and senior officials from the Ministry of Foreign Affairs.

Ref; The Global New Light of Myanmar

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံအတွင်းရေးမှူးချုပ်အား လက်ခံတွေ့ဆုံ

(၄-၁၀-၂၀၁၉ ရက်၊ နေပြည်တော်)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အာဆီယံအတွင်းရေးမှူးချုပ် ဒါတိုလင်ကျောက်ဟွိုင်အား ၄-၁၀-၂၀၁၉ ရက်၊ နံနက် ၈ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ ၎င်း၏နေအိမ်၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် ရခိုင်ပြည်နယ်၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် မြန်မာနိုင်ငံနှင့် အာဆီယံအကြား ပူးပေါင်းဆောင်ရွက်မည့် နယ်ပယ်များ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွင် အာဆီယံမှ ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များကို လေ့လာသည့် ကနဦး ဆန်းစစ်လေ့လာရေးအဖွဲ့၏ အစီရင်ခံစာပါ အကြံပြုချက်များ အကောင်အထည်ဖော်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။